အပိုင်း 16

301 30 0
                                    

အခန်း(၁၆) : နယ်မြေလေးခု၏အဆင့်သတ်မှတ်ချက်

ယဲ့ချိုးပိုင် စွမ်းအားများပြန်ရလာပြီး သူ့ခွန်အားသည် ယခင်ကထက်ပင် ပိုမိုသန်မာလာသေးသည်။

ယဲ့ချိုးပိုင်သည် လှုပ်ရှားမှုတစ်ခုမျှဖြင့် ချောင်မိသားစုမှ သခင်လေးကို သုတ်သင်ပစ်လိုက်သည်။

ထိုသတင်းက ထျန်းယွမ်မြို့အနှံ့ကို မြန်မြန်ဆန်ဆန်ပျံ့နှံ့သွားလေသည်။

လျှပ်တပြက်အတွင်းမှာပင် ထျန်းယွမ်မြို့ရှိလူတိုင်းမှာ သက်ပြင်းချမိကြတော့သည်။ ထျန်းယွမ်မြို့အတွင်းရှိအခြေအနေသည် နောက်တစ်ဖန်ပြောင်းလဲသွားပြန်ပြီ။ ထို့ပြင် ဤကိစ္စသည် လူတကာဆွေးနွေးပြောဆိုနေကြသော အကြောင်းအရာပင်ဖြစ်ချေတော့သည်။

ယဲ့နေအိမ်တွင်မူ အကြီးအကဲများအားလုံးသည် ရှေ့ကိုလျှောက်လာပြီး ကြောင်သူတော်ယောင်ဆောင်လျက် ယဲ့ချိုးပိုင်ကို အပြုံးတစ်ပွင့်ဖြင့် နှုတ်ဆက်နေကြလေသည်။

ယဲ့ချိုးပိုင် စွမ်းအားများကိုဆုံးရှုံးလိုက်ရစဉ်က ထိုလူများသည် အလွန်အမင်းသွေးအေးအေးဖြင့် သူ့မကောင်းကြောင်းများကိုပင် ပြောခဲ့ကြသူများ ဖြစ်၏။

ထိုအကြောင်းအားလုံးကို ယဲ့ချိုးပိုင် ဂရုမစိုက်ခဲ့သော်ငြား လက်စားချေဖို့လည်း ရည်ရွယ်ချက်မရှိချေ။ မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်သော ထိုအကြီးအကဲများကို အထင်အမြင်ကောင်းရှိနေရန်မှာ သူ့အတွက်မဖြစ်နိုင်ချေ။

အကြီအကဲများအနေနှင့်တော့ ကိုးရိုးကားရားပြုံးရုံသာ တတ်နိုင်ရှာသည်။

ယဲ့ချင်း၏မျက်နှာထက်မှာတော့ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ ယဲ့ချိုးပိုင်၏ပခုံးကို သူပုတ်လိုက်ပြီး ရွှန်းရွှန်းစားစားပြုံးလိုက်သည်။

"ကောင်းတယ်။ ကောင်းတယ်။ မင်း စွမ်းအားတွေပြန်ရလာတာ ကောင်းတာပေါ့"

"ဒါပေမဲ့ ချိုးပိုင်.. မင်းခွန်အားတွေကို ဘယ်လိုပြန်ရလာတာလဲ။ မင်း ကံကောင်းတာပဲလား"

ထိုစကားကိုကြားသည့်အခါ ယဲ့ချိုးပိုင်မှာ မပြုံးဘဲမနေနိုင်ပေ။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now