46+47+48+49+50

336 30 0
                                    

အခန်း ၄၆ : သူစိမ်းတွေဖြစ်သွားပြီ

မြောက်ပိုင်းဒေသရှိ နေမဝင်အင်ပါယာ၏အဆင့်အတန်းသည် အာဏာရှင်တစ်ရပ်ဟု ဆိုနိုင်လေသည်။

သူတို့နှင့်ယှဉ်လိုက်လျှင် လျှို့ဝှက်တာအိုကျောင်းတော်ကပင် သေးသိမ်နေသေးသည်။

ဤရလဒ်မှာ လျှို့ဝှက်တာအိုကျောင်းတော်၏ မတိုက်ခိုက်လိုသောဆန္ဒ​ကြောင့်လည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ လျှို့ဝှက်တာအိုကျောင်းတော်၏ဌာနချုပ်သည် ထင်ရှားကျော်ကြားလှပေသည်။

ရွှေရောင်သံချပ်ကာဝတ်ဆင်ထားသော ရေနဂါးနှစ်ကောင်ကို သူတို့မော့ကြည့်လိုက်ပြီး မအံ့သြဘဲမနေနိုင်ချေ။

"နေမဝင်အင်ပါယာရဲ့ပုဂ္ဂိုလ်ထူးတွေက ဒီကိုရောက်နေတာလား"

"ဒါပေမဲ့ ခေါင်းဆောင်ကို သူ့ထိုင်ခုံနေရာကနေ ဖယ်ပေးရလောက်အောင်အထိ ဘယ်သူကများလုပ်နိုင်တာပါလိမ့်"

နေမဝင်အင်ပါယာ၏အုပ်စိုးသူ ကိုယ်တိုင်ကိုယ်ကျကြွရောက်လာလိမ့်မည်ဟု မည်သူမျှမထင်ထားခဲ့ပေ။

ဤသည်မှာ ကျောင်းတော်များအကြား ပညာဖလှယ်ပွဲတစ်ခုမျှသာဖြစ်သည်။ ကိစ္စကြီးကြီးမားမား မဟုတ်ချေ။

တစ်နည်းဆိုရသော် ဤယှဉ်ပြိုင်ပွဲအတိုင်းအတာလောက်လေးက ဧကရာဇ်ကိုယ်တိုင်လာရောက်ရန် မထိုက်တန်ပေ။

"ဒါဆို ဒီကိုဘယ်သူလာမှာလဲကွ"

ယဲ့ချိုးပိုင်လည်း မော့ကြည့်လိုက်ပြီး မျက်လုံးများကိုမှေးကျဉ်းလိုက်မိသည်။

ရေနဂါးသည် စစ်သင်္ဘောကိုဆွဲလာပြီး သူ မည်မျှ အစွမ်းထက်လှကြောင်း ပြသနေလေသည်။

သို့သော် ဤရေနဂါးနှစ်ကောင်သည် သူ့သခင်မွေးမြူထားသည့်ငှက်ကလေးလောက် မကောင်း​လှဟု ဘာကြောင့်ခံစားမိနေလေသလဲ။

ထိုအချိန်တွင် သင်္ဘောသည် ကောင်းကင်ယံ၌ ဖြည်းညင်းစွာရပ်တန့်သွားသည်။

သင်္ဘောနောက်တွင် လေးလံလှသော ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် ပုံရိပ်မြောက်များစွာသည် လှံတံများကိုင်ဆောင်လျက် စစ်သူရဲမြင်းများစီးနင်းကာ မတ်မတ်ရပ်နေကြလေသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now