အပိုင်း 87

252 27 1
                                    

အခန်း ၈၇ : ကွမ်ကျုံးယန်နှင့်တိုက်ခိုက်ခြင်း

ဝေစုကို သတ်မှတ်ပြီးဖြစ်၏။

ယဲ့ချိုးပိုင်ကို ကွမ်ကျုံးယန်၏နေရာတွင် အစားထိုးလိုက်ပြီး လျှို့ဝှက်ဓားသွားဂိုဏ်း၏စိတ်တန်ခိုးရှင်ဘုံအဆင့်ရှိသည့် ဓားသင်္ချိုင်းကိုစေလွှတ်မည့်သတင်းမှာ ကျောင်းတော်တစ်ခုလုံးကို ပျံ့နှံ့သွားလေတော့သည်။

"ယဲ့ချိုးပိုင်လား။ တောင်ပိုင်းဒေသက အဲ့ဒီလူလား"

"အမှန်ပဲ။ ရာချီသန့်စင်ရေးနယ်မြေထဲမှာ အချိန်တိုလေးအတွင်း ပဥ္စမနေရာကို ရောက်ချသွားတဲ့ ကြောက်ဖို့ကောင်းတဲ့အဲ့ဒီလူလေ"

"ဒါပေမဲ့ သူနဲ့စီနီယာအစ်ကိုကွမ်ကြားမှာ ကွာဟချက်တော့ရှိနေသေးတာပဲမဟုတ်လား။ စီနီယာအစ်ကိုကွမ်က ရာချီသန့်စင်ရေးနယ်မြေထဲမှာ လက်ရှိပထမရထားတာပဲကို။ အခုဆိုရင် သူက အဆင့်၄၇ကိုတောင်ရောက်နေပြီ"

"အဆုံးထိရောက်ဖို့ အဆင့်နှစ်ဆင့်ပဲလိုတော့တာလား"

"တစ်ဖက်ကကြည့်ရင် ယဲ့ချိုးပို်ငရဲ့အရှိန်ကလည်း အရမ်းမြန်တယ်ဆိုပေမဲ့ သူက အခုမှ အလွှာလေးဆယ်မှာပဲရှိသေးတာလေ။ ဟုတ်တယ်မလား"

"အရည်အချင်းကိုကြည့်မယ်ဆိုရင် ယဲ့ချိုးပိုင်က စီနီယာအစ်ကိုကွမ်ကိုမမှီသေးဘူး"

ကျန်းချောင်မြန်နှင့်အခြားလူများလည်း ထိုသတင်းကို ကြားလိုက်ရသည်။

ယဲ့ချိုးပိုင် သူ့နေအိမ်ကိုပြန်ရောက်သောအခါ သူတို့သုံးယောက်သားက ထိုနေရာတွင် သူ့ကိုစောင့်ဆိုင်းလျက်သားဖြစ်နေလေသည်။

ယဲ့ချိုးပိုင်ခမျာ ထိုသုံးယောက်သား ကျောက်သားစားပွဲမှာထိုင်နေသည်ကိုမြင်လိုက်ရသောအခါ ကူကယ်ရာမဲ့သွားပြီး မှင်တက်သွားရချေသည်။

"မင်းတို့သုံးယောက်က ဒီကိုဘာလို့ရောက်နေတာလဲ။ လေ့ကျင့်ရေးကွင်းပြင်မှာ သွားလေ့မကျင့်ဘူးလား"

ရှီရှန်းက သူ့မျက်ဆံကိုလှန်ပြီး ပြောလာလေသည်။

"ငါက မင်းနဲ့ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ မင်းက လျှို့ဝှက်ဓားသွားဂိုဏ်းရဲ့စိတ်တန်ခိုးရှင်ဘုံကိုသွားရတော့မှာလေ"

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now