အပိုင်း 7

344 37 0
                                    

အခန်း(၇) : ဒီနေ့ခေတ်ကြီးမှာ အမှန်တရားကို ဘယ်သူမှ အယုံအကြည်မရှိကြတော့ဘူးလား

လူအိုကြီးက ရလဒ်ကိုကြေညာလိုက်သော်လည်း ဘယ်သူကမှ လက်ခုပ်သြဘာမပေးကြချေ။

ပွဲကြည့်သူအပေါင်း၏မျက်နှာထက်မှာ အံ့အားသင့်နေသောအရိပ်အယောင်များသာ ဖုံးလွှမ်းထား၏။

သိုင်းပညာခန်းမမှ လီဟယ်သည် သိုင်းပညာခန်းမ၏ ထိပ်တန်းကျောင်းသားများထဲမှ တစ်ယောက်ဖြစ်ပြီး မင်းမျိုးမင်းနွယ်မိသားစုများနှင့် မှူးကြီးမတ်ရာမိသားစုများထံမှ မြှောက်စားခံထားရသူပင်။ သူသည် သူ့ထက်အဆင့်မြင့်သူများကိုပင် သတ်ဖြတ်နိုင်ခဲ့ဖူးသည်။

ထိုကဲ့သို့သောလူဟာ ယဲ့ချိုးပိုင်ဆီမှာ ရှုံးနိမ့်သွားရချေသည်။

ယဲ့ချိုးပိုင်တစ်ယောက် သူ့ခွန်အား အကုန်ထုတ်မသုံးထားရသေးသလို တစ်ချိန်လုံးစိတ်အေးလက်အေးဖြစ်နေတာကို အမြော်အမြင်ရှိသူတိုင်း မြင်နိုင်ပေသည်။

ခေါင်းဆောင်ဖြစ်သူ ချင်းထျန်းနျန်ကတော့ ပြုံးလျက်ပြော၏။

"ကြည့်ရတာ အဲ့ဒီကလေးချန်းရှန်က လူကဲခတ်တော့တော်ပုံပဲ"

ကွန်ဖြူးရှပ်ဌာနမှခေါင်းဆောင်ကလည်း ခေါင်းတညိတ်ညိတ်နှင့်​ဝင်ပြောသည်။

"ဒီကလေးရဲ့စွမ်းရည်က တကယ်မဆိုးလှဘူး"

ဓားသိုင်းခန်းမ၏အကြီးအကဲကတော့ ယဲ့ချိုးပိုင်ကို ထူးဆန်းသောအကြည့်တစ်စုံဖြင့်သာ ငေးကြည့်နေပြီး တစ်စုံတစ်ရာကို တွေးတောနေလေသည်။

ထိုအချိန်မှာ လူအိုကြီးသည် ယဲ့ချိုးပိုင်၏နံဘေးမှာ ဝင်ရပ်လိုက်ပြီး ထူးဆန်းလှသောအမူအရာဖြင့် မေးလိုက်သည်။

"ယဲ့ချိုးပိုင်.. မင်းရဲ့လက်ရှိထောက်ပံ့ရေးအမှတ်က ၂၀၀ပဲ။ မင်း ဆက်ပြီးစိန်ခေါ်ချင်လား။ ဒါပေမဲ့ မင်းရှုံးခဲ့မယ်ဆိုရင်တော့ မင်းရဲ့ထောက်ပံ့ရေးအမှတ်တွေအကုန်လုံးကို အနိုင်ရသူဆီကိုပေးလိုက်ရမှာနော်"

ယဲ့ချိုးပိုင်က လုံးဝတွေဝေမနေချေ။ ဤနေရာကို သူ တိုက်ခိုက်ဖို့ရောက်လာခြင်းဖြစ်ရာ ဤအခွင့်အရေးကို ကောင်းကောင်းအသုံးချရမည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now