အပိုင်း 107

197 26 0
                                    

အခန်း ၁၀၇ : ဟုန်ရင် ထောင်ချောက်မိနေပြီ

တိမ်လွှာဖီးနစ်ဂိုဏ်း၏တည်နေရာအဟောင်းမှာ ပျက်စီးနေချေပြီ။

ကောင်းကင်ကြီးကလည်း မီးခိုရောင်းသမ်းနေ၏။

၎င်းမှာ အလွန်အမင်းယိုယွင်းနေပြီဖြစ်၏။

တည်နေရာအဟောင်း၏အလယ်မှာတော့ ချိတ်ပိတ်အစီအရင်မှလာသော အကာအကွယ်တံတိုင်းတစ်ခုနှယ် ချိတ်ပိတ်စွမ်းအားတစ်မျိုးရှိနေလေသည်။

လှံတံကိုင်စွဲသူမိန်းမပျိုဟာ ထိုအစီအရင်၏အလယ်တွင် ပိတ်မိနေချေသည်။

ထိုအချိန်တွင်  မိန်းမပျိုလေးမှာ ဟောဟဲဆိုက်နေပြီး သူ(မ)၏အရှိန်အဝါမှာ အနည်းငယ်မှိန်ဖျော့နေပေသည်။

သူ(မ)၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများပင်ရှိနေ၏။

အစီအရင်၏အပြင်ဘက်ရှိ အမျိုးသားတစ်ယောက်က စိုးရိမ်တကြီးပြောလာလေသည်။

"အရှင်မ"

လှံတံကိုင်စွဲထားသောမိန်းမပျိုမှာ ဟုန်ရင်ပင်ဖြစ်၏။

ထိုအချိန်၌ ဟုန်ရင်က ချိတ်ပိတ်အစီအရင်ထဲတွင်ပိတ်မိနေပြီး မလွတ်မြောက်နိုင်ပေ။

အရာအားလုံးမှာ လွန်ခဲ့သောနှစ်ရက်က စတင်ခဲ့ခြင်းပင်။

ယွင်ကျန်း၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်မှာ တိမ်လွှာဖီးနစ်ဂိုဏ်း၏တည်နေရာအဟောင်း၌ ပိတ်မိနေခဲ့သည်။

သူ့ကိုနိုးထစေလိုပါက ဤချိတ်ပိတ်အစီအရင်ကို ချိုးဖောက်မှရပေလိမ့်မည်။

သို့သော် ဟုန်ရင်၏လက်ရှိခွန်အားဖြင့် ၎င်းကိုချိုးဖောက်နိုင်စွမ်းမရှိချေ။

အကယ်၍ သူတို့သာ မချိုးဖောက်နိုင်ပါက ဟုန်ရင်ပင်လျှင် ဤအစီအရင်ထဲတွင် ပိတ်မိနေမည်ဖြစ်ပြီး သူတို့လည်း လုံးဝချိတ်ပိတ်ခံလိုက်ရတော့မည်သာ။

ထိုအခိုက်တွင် ချိတ်ပိတ်အစီအရင်ထဲ၌..

ဟုန်ရင်၏အရှိန်အဝါမှာ မှိန်ဖျော့အားနည်းနေပြီး ပတ်ပတ်လည်ရှိ ပြန်လည်ဝင်စားရေးစွမ်းအားများမှာ ဖိနှိပ်ခံထားရသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now