အပိုင်း (1.1)

11.1K 642 14
                                    

(1.1)

ချီဟန်တစ်ယောက် သစ်ပင် အမြင့်ကြီး ပေါ်ကနေ ပြီးတော့ အောက် ဘက်ဆီကို ၃ ကြိမ်မြောက် အနေနဲ့ ငုံ့ကြည့်မိတယ်။ အပင်ရဲ့ အောက်မှာ ကမ္ဘာ ပေါ်က အထက်ဆုံး ဆေဘာဓား လိုမျိုး သွားစွယ်တွေ ရှိတဲ့ ကြောင်ကြီး တစ် ကောင်က သူ့ရဲ့ ရှေ့သွားစွယ် ၂ ချောင်းကို ထုတ်ဖော် သမ်းဝေ ရင်းနဲ့ သစ်ပင်ဆီကို ပျင်းရိစွာ ချဥ်းကပ် လာတာကို တွေ့လိုက်ရတယ်လေ။ သူ့နှလုံးသားလေးထဲ  မှာတော့ သူ့ရဲ့ ကံဆိုးမှုကိုသာ ကြိမ်ဆဲ နေမိတော့တယ်။

ရှေးအကျဆုံး ကြီးမားတဲ့ တောကြီးတွေ ထဲမှာတောင် မှပဲ ဒီလိုမျိူး သတ္တဝါ ကြီးကို မတွေ့ဘူးခဲ့ ပါချေ။ ချီဟန် တစ်ယောက် သစ်ကိုင်း ထူထူ ကြီးတစ်ခု ပေါ်မှာ ရှိနေပြီးတော့ အကိုင်းသေးလေးတွေနဲ့ သစ်ရွက်တွေကြား လှဲလျောင်း ကာ ပုံးကွယ် နေခဲ့ ရပါတယ်။

ချီဟန်က သူ့ရဲ့ ခြေတွေနဲ့ လက်တွေကို အသေအချာလေး ကျုံ့လိုက်တယ်။ သူ့ရဲ့ ကိုယ်ပိုင် ခန္ဓာကိုယ် ကို လုံးဝ မမြင် ရအောင်လို့ ရည်ရွယ်ပြီး လုပ်လိုက်တာ ပဲ ဖြစ်လေတယ်။ ဒါမှသာ သစ်ကိုင်းတွေကြား ပုန်းနိုင်မှာ ပဲ ဖြစ်လေတယ်။ ချီဟန်က သစ်ပင် ကြီးကို တွယ်ဖက်ထားကာ အသက်ရှုသံ တွေ ကလည်း တစ်ဖြေးဖြေး နှေးလာခဲ့တယ်။ ပြီးတော့ မျက်လုံးကို ဖွင့်လိုက် ပိတ်လိုက် လုပ်ကာ သူ့နဲ့ မီတာ တစ်ရာ လောက်ပဲ ဝေးတော့တဲ့ ကြောင်ကြီးကို ကြည့်နေခဲ့လေတယ်။ သူက ထိုကြောင်ကြီးကို အသေအချာ ကြီးတော့ စိုက်မကြည့် ရဲပါပေ။ ဘာလို့လဲ ဆိုတော့ ထိုသတ္တဝါ ကြီးကို သတိပေးလိုက် သလိုမျိုး ဖြစ်နေမှာ ကြောက်လို့ပဲ ဖြစ််တယ်။

ထို အကောင်ကြီး က သူရှိနေတဲ့ ရှိနေတဲ့ သစ်ပင်ဆီကို လတာမှန်း သေချာသွားတဲ့ အချိန်မှာ သူ့ရဲ့ နှလုံးခုန်သံတွေ က မထိန်းချူပ် နိုင်စွာပဲ အရှိန်မြင့် သွားတော့တယ်။ သူက ထိန်းချုပ် နိုင်ဖို့ ကြိုးစား လေလေ နှလုံးခုန် နှုန်းက ပိုမြန်လာလေလေ ပဲ ဖြစ်ပြီးတော့ သူ့နှလုံးခုန်သံ ကိုတောင် ပြန်ကြားရတဲ့ အထိ ကျယ်လောင် လာခဲ့တယ်။

အကြီးကြီးပဲ......

သေစမ်း ငါလိုးပဲ...ငါ အခုချိန်ထိ မသေချင်သေး ဘူးလို့။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now