အပိုင်း (36.1)

1.9K 300 6
                                    

(36.1)

ပင်းရဲ့ မေးခွန်းကို ကြားလိုက်ရတဲ့ အချိန် ချီဟန်ရဲ့ နှလုံးသားက အကြိမ်အနည်းငယ်လောက် ဆောင့်ခုန်သွားလေတယ်။ ပင်းက သားရဲလူသား တစ်ယောက်ပဲ ဖြစ်တယ်။ ဒါကြောင့် သူသိတာ များရင်တောင်မှပဲ ထိုအရာတွေကို စိတ်ကူးပုံဖော် ကြည့်ဖို့က အကန့်အသက် နဲ့ ရှိလေတယ်။

သူက ချီဟန်တစ်ယောက် တစ်ခြား ကမ္ဘာ ကနေ လာတယ်ဆိုတာကို တော့ သူစိတ်ကူးမိမှာ မဟုတ်ဘူး။

ဆိုတော့ သူက ဘာကိုဆိုလိုချင်တာလဲ?

သူ့မေးခွန်း က ဘာလဲ?

သူက ဘာတွေ သိထား လို့လဲ?

ချီဟန်က အနည်းငယ် ကြောင်အ သွားပြီးတော့ လေထုက လည်း အနည်းငယ် ကို့ယို့ကားယား ဖြစ်လာလေတယ်။

'' မင်း ဘာတွေ မဟုတ်က ဟုတ်က ပြောနေရတာလဲ။ မျိုးနွယ်စု စုန်းမက သားရဲနတ်ဘုရားဆီက ပို့ဆောင်ခြင်း ခံရသူလေ။ ပြီးတော့ ငါတို့မျိုးနွယ်စု တွေအတွက် သားရဲနတ်ဘုရားကို အမှာစကား ပြော ပေး နိုင်တဲ့သူလေ။ သေချာတာပေါ့ သူက ငါတို့ တိုက်ကွန်းခ် တိုက်ကြီးက မလို့ပေါ့ဟ ''

ယန်မင်းက ပင်းကို စိတ်တိုစွာနဲ့ ကြည့်လိုက်တယ်။ ဒီကောင် ကတော့ လေထုကို ပျက်ယွင်းအောင် လုပ်နေတော့တာပဲ။ ဒါကို မျိုးနွယ်စု စုန်းမ က စိတ်ထဲ မရှိဖို့ပဲ မျှော်လင့်မိတယ်။

'' ဟမ်း ငါ့ရဲ့ မူရင်း မျိုးနွယ်စုက ဒီနေရာနဲ့ အရမ်းအရမ်း ကို ဝေးကွာတဲ့ နေရာတစ်ခုမှာပါ။ တစ်နေ့ကျတော့ ငါက ချောက်ကမ်းပါး ကနေ ပြုတ်ကျ လာပြီးတော့ ဒီနေရာကို ရောက်လာခဲ့ တာလေ''

သူတို့တွေ ဘယ်လိုပဲ ထင်နေပါစေ ချီဟန်က အမှန်အတိုင်းပဲ ပြောလိုက်တယ်။

'' ငါတို့က ချီဟန်ကို လောင်ရှန်းရဲ့ ကိုယ်ဝန်ဆောင် အသီးပင်ကြီးမှာ ရှာတွေ့ခဲ့တာ။ လောင်ရှန်းဆိုတာက ကွေ့ဝှက်နေတဲ့ တောင်ကြီး ဖြစ်ပြီးတော့ ငါတို့ ရဲ့ သားရဲနတ်ဘုရား ရှိတယ်လို့ ယုံကြည်ထားတဲ့ နေရာလေ။ ဆိုတော့ သူဟာ သားရဲနတ်ဘုရား ကနေ ငါတို့ကို ချီးမြှင့်တဲ့ လက်ဆောင်တစ်ခု လို့ ထင်မိတယ် ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now