အပိုင်း (48. 1)

1.1K 181 0
                                    

(48. 1)

မိုးရာသီ က ရောက်လို့ လာခဲ့ ပါပြီ။

နေ့တိုင်း မပြက်ပဲ ဖွဲဖွဲ ရွာနေတဲ့ မိုးက လူတိုင်းကို စိုစွတ်စေပြီးတော့ တစ်ကိုယ်လုံး စေးကပ်နေသလို ခံစားရစေတယ်။

ပြောင်းဖူးကြီး ပင်တွေကို မျိုးနွယ်စုရဲ့ ဘေး မြစ်ကမ်း နှုန်းတွေ ပေါ်မှာ စိုက်ထားတာကြောင့် ကောင်းကောင်း ကြီးထွားလို့ နေပါတယ်။

ဒါပေမယ့် ဒီကောင်းမွန် လွန်းလှတဲ့ အရာတွေက ချီဟန် ရဲ့ စိုးရိမ်စိတ် ကို ပြေလျော့ ပေါးပါး သွားအောင် နည်းနည်းလေး မှ မစွမ်းဆောင်နိုင်ပါချေ။

အခုလို ချိန်မှာ ရုတ်တရက် တိုက်ခိုက်ခံ ရမယ်ဆိုရင် အောင်မြင်ဖို့ကို သူက မသေချာပေ။

ချီဟန်ရဲ့ မူရင်း အစီအစဥ် အတိုင်းဆိုရင် သူတို့က အချိန်နည်းနည်း ပိုကြာအောင် စောင့်ရမှာပဲ ဖြစ်တယ်။ ဒါပေမယ့် ကျားဖြူမျိုးနွယ်ရဲ့ ဂူတွေထဲမှာ ထည့်ပိတ်ခံထား ရတဲ့ အမျိုးသမီးတွေနဲ့ သားရဲတစ်ဝက်တွေ ကတော့ ထပ်ပြီးတော့ မစောင့်နိုင်တော့ပါချေ။

ယန် နဲ့ မို တို့ရဲ့ စုံစမ်းစစ်ဆေးမှု အရ ထိုဂူထဲ က အမျိုးသမီးတွေနဲ့ သားရဲတစ်ဝက် တွေက နေ့တိုင်း သေကြေနေကြတယ်။ ပြီးတော့ သူတို့တွေက ညအချိန်မှာ အပြင်ကို လျှို့ဝှက်စွာ ထုတ်လိုက်ပြီးတော့ မြုပ်ပစ်လိုက်ကြတယ်တဲ့။

ပြီးတော့ သူတို့က တံခါးအစောင့်တွေ ဆီက ပြောတာ လည်းကြားခဲ့ ကြသေးတယ်။ အထဲမှာ ဖျားနာနေတဲ့ သူတွေ အများကြီး ရှိနေသေးတယ်တဲ့။

ဂူက အမြဲ ပိတ်ထား ပြီးတော့ မဲမှောင်စိုစွတ်နေကာ ကိုယ်လက် လှုပ်ရှား မှုတောင် ပြုလုပ်လို့ မရတဲ့ အပြင် နေရောင်ခြည်လည်း မရနိုင်ပေ။ ဒါကြောင့်လဲ သူတို့က ရောဂါပိုး လွယ်လွယ် ဝင်စေနိုင်တယ်။ တကယ်လို့ သူတို့သာ မလှုပ်ရှား ဘူး ဆိုရင် ထိုနေရာမှာ ဘယ်သူမှ မရှိတော့မှာကို ကြောက်နေရလေတယ်။

ကျားဖြူ မျိုးနွယ် က ပြန်ကောင်းမွန်လာတဲ့ သားရဲလူသား တွေ ကလည်း ထပ်ပြီးတော့ မစောင့်နိုင်တော့ပေ။ သူတို့က သူတို့ရဲ့ မုန်းတီးမှုတွေကို မထိန်းချုပ်နိုင်တော့ပဲ ထိုမြွေမဲကောင် ကို သတ်ချင်နေကြတော့တယ်။ အခုချိန်ကတော့ သူတို့ရဲ့ ကန့်သတ်ချက် ကိုရောက်နေပြီးတော့ သူတို့ရဲ့ အမျိုးသမီးတွေ ဒါမှမဟုတ် သားရဲတစ်ဝက် တွေကို ဖြစ်နိုင်သမျှ မြန်မြန် ကယ်ဆယ်လိုကြလေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now