အပိုင်း (54. 2)

914 144 4
                                    

(54. 2)

ပင်းက အဲ့အပင်ကို သေသေချာချာလေး တူးခဲ့ ရတယ်။ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ အရပ်တစ်ဝက်လောက် နီးပါး မြင့်နေတဲ့ အပင်ရဲ့ အမြစ် က အရင်က ထင်နေသလို မျိုး ဟုတ်မနေပဲ လူအရပ်တစ်ဝက် ကျော်လောက်ထိ ရှိနေခဲ့တာ ပဲ ဖြစ်လေတယ်။ ထိုအပင်ကို သေချာ ကြည့်မယ် ဆိုရင် အဲ့အပင် ရဲ့ အမြစ်က ကိုင်း နှစ်ခု ကွဲဖြာ ထွက်နေတာ က ဂျင်ဆင်း အပင်ရဲ့ လူသား ပုံစံ နဲ့တောင် ထင်ရလေတယ်။

( အပင်လေးကို မှ ခြေထောက် နှစ်ခု ပုံစံအမြစ် ကွဲနေတာ ကွာ)

ချီဟန် က ဒီလောက် ကြီးတဲ့ဂျင် ဆင်းကို ပထမ ဆုံး အနေနဲ့ တွေ့ဘူးတာ ပဲ ဖြစ်လေတယ်။ သူဟာ အဲ့ ဂျင်ဆင်း ပင် က သူ့ရဲ့ မူလကမ္ဘာမှ ဂျင်ဆင်းနဲ့ မျိုးစိတ် တူတယ် ဆိုတာ ကို ဘယ်လိုမှ မယုံကြည်နိုင်ပါပေ။

'' ရွှမ်း နဲ့ ယွဲ့ မင်းတို့ က ပျံသန်း သွားပြီးတော့ ဒီအနီးအနား တစ်ဝှိက် မှာ တစ်ခြား ဂျင်ဆင်းတွေ ရှိနေသလား ဆိုတာ ကို သွားရှာချည် ''

'' ကောင်းပြီ ''

ပုံစံနဲ့ အရွယ်အစား ကို ကိုယ်တိုင်ကိုယ်ကျ မြင်ဘူး သွားပြီ ဖြစ်တဲ့ အတွက်ကြောင့် သူတို့ က အများကြီး ကို လျင်လျင်မြန်မြန် ပိုပြီးတော့ ရှာတွေ့လာခဲ့ရလေတယ်။ လောင်ရှန်း က တကယ်ကို ရတနာတွေနဲ့ ပြည့်နေတဲ့ တောင်တန်းကြီး ပဲ ဖြစ်လေတယ်။ ဒီလောက်သေးငယ်တဲ့ ဧရိယာမှာ တောင်မှပဲ ဂျင်ဆင်း ပင် ၈ ပင်လောက်ကို တွေ့ခဲ့ ရတယ်လေ။

'' ကောင်းပြီ။ အရင်ဆုံး ဒါတွေကို အမြန်တူးသွား ကြတာပေါ့။ ပြီးတော့ ပြန်သွားပြီးတော့ ဘယ်လိုဆေးစွမ်း ရှိမယ်ဆိုတာ ကို အရင်ဆုံး ပြန်စမ်း ကြည့်ကြစို့ ''

တကယ်လို့ အဲ့တာ ရဲ့ အကျိုးသက်ရောက် မှု က မူလ ဂျင်ဆင်းနဲ့ ကွဲပြား နေတယ်ဆိုရင် သူတို့ တူးလာ သမျှတွေ အကုန်လုံး က အသုံးမဝင် ပဲ ဖြစ်သွားမှာပေါ့။

'' ကောင်းပြီ ''

ပင်း က အရမ်းကို စိတ်လှုပ်ရှား နေခဲ့တယ်။ သူက နောက်ဆုံးမှာတော့ ဒဏ္ဏာရီလာ ဆေးပင်ကို ရှာတွေ့ သွားခဲ့ ပြီလေ။ ယန်မင်းကို အခုတော့ ကယ်ဆယ် နိုင်တော့မယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Tempat cerita menjadi hidup. Temukan sekarang