အပိုင်း (46. 1)

1.5K 223 3
                                    

(46. 1)

'' အဲ့အတွက် ဘာနည်းလမ်းများ ရှိနေသေးလို့လဲ ။ လာပြီးတော့ နားထောင် ကြည့်ကြစို့ ''

တုံ က ပြောလိုက်တယ်။

'' ငါတို့က နိုးထ နေပြီ ဖြစ်တဲ့ သားရဲလူသား တစ်ချို့ကို ပြန်ပို့ ပြီးတော့ မနိုးထ သေးတဲ့ သားရဲလူသား တွေကို ပြန်ခေါ်ကြတာပေါ့ ''

'' တကယ်လို့ သူတို့က မင်းတို့ အဲ့အပင်တွေ ထပ် မစားတော့ဘူး ဆိုတာ သိသွားရင် ဘယ်လို လုပ်ကြမလဲ? ''

'' ပထမတော့ ငါတို့က စားချင်ယောင် ဟန်ဆောင် ရမယ်။ နောက်ပြီး ကျတော့မှ အစားအစာကို ငါတို့ဘာသာ ပဲ ရှာစားကြရမယ်။ ငါတို့က သေချာတော့ ဂရုစိုက်ရမှာပေါ့။ အဲ့တာက အဆင်ပြေ သွားမှာပါ။ ငါတို့ က မနက်မှာ တစ်နေကုန် အိမ်ချင်ယောင် ဟန်ဆောင်ပြီးတော့မှ ညဘက် ကျမှ အစာရှာ ထွက်လိုက်မယ်။ ''

'' ဒီနည်းလမ်း က ကောင်းတယ်။ အဲ့နည်းသာ သုံးရင် သူတို့က လူအရေအတွက် မှားနေတယ် ဆိုတာကို သတိထား မိတော့မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီနည်းလမ်း က အချိန်အကြာကြီး အတွက် မကောင်းဘူး။ အချိန်အတော်ကြာပြီး သွားရင် အဲ့မှာ ဟာကွက်တစ်ချို့ ရှိလာတော့မှာ။ ပြီးတော့ အဲ့မှာ ပြဿနာ တစ်ချို့ ရှိနေသေးတယ်။ အဲ့လို အပင်မျိုး က စားပြီးတာနဲ့ စွဲသွားတယ် ဆိုတကည်း က အခုပြန်သွားတဲ့ အချိန်ကျရင်ရော။ မင်းတို့က ထပ်စားချင်သေး လို့လား? ''

'' ပင်း ၊ မင အဲ့အပင် ကို စားတာ ရပ်လိုက် ပြီးတဲ့နောက် အဲ့အပင်ကို တွေ့တဲ့အချိန်မှာ ဆက်ပြီးတော့ စားလို ချင်နေသေးသလား? ''

'' မဖြစ်ဘူး။ အဲ့တာကို ဖြတ်ပြီး သွားတဲ့ ရက်အနည်းငယ် ကြာတဲ့ အချိန်မှာ အဲ့အပင်ကို တွေ့ရင်တောင်မှ ငါဆက်ပြီးတော့ မစားချင်တော့ဘူး ။ နောက်ပိုင်း အဲ့အပင်တွေ အများကြီး ပေါက်နေတာကို တွေ့တာ တောင်မှပဲ ငါက ထိတောင် မထိ ချင်တော့တာ''

'' ရှုး....ဘာမှ ထပ်မပြောနဲ့တော့ ''

လန် က အပေါက်လေး ထဲကနေ ကောင်းကင် ကို မော့ကြည့်ကာ စိုးရိမ်စွာနဲ့ စူးစိုက်နေခဲ့တယ်။

''အဲ့နားမှာ လင်းယုန်သားရဲ လူသား တွေရှိတယ်။ သူတို့က လေချွန်နေကြတယ်။ လေချွန်သံက ငါတို့ မျိုးနွယ် က အချက်ပြနှုန်းနဲ့ ကွာခြား နေတယ်။ အဲ့တာက တစ်ခြား လင်းယုန် သားရဲတွေပဲ ဖြစ်လိမ့်မယ်''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now