အပိုင်း (13. 2)

3K 493 11
                                    

(13. 2)

တုံ က ပိုသန်မာလာပြီးတော့ သူ့ရဲ့ သားရဲတစ်ဝက်လေး ကို ကာကွယ်စောင့်ရှောက်ဖို့ ဆုံးဖြတ်ထားခဲ့တယ်။ တကယ်လို့ စုန့်သာ သူ့သားရဲတစ်ဝက်လေးကို ဒီတစ်ခါ ထပ်ပြီးတော့ လာထိရဲရင် သူက ထိုကောင်ကို ဘုရားသခင်ကို တွေ့ဖို့ ကောင်းကင် ပေါ်ကို ပို့ပေး လိုက်မယ်။

ထိုအကြောင်းကို တွေးကြည့်တဲ့အခါ တုံ တစ်ယောက် သူ့ရဲ့ မိုက်ရူးတဲ့ အတွေးတွေကြောင့် သူ့ကိုယ်သူတောင် ပြန်လန့်နေမိတယ်။ သူ့ဟာ အရင်က ရက်စက် ကြမ်းတမ်းတဲ့ သူ မဟုတ် ခဲ့ပေ။

အရင်က သူ့ကို တစ်ခြားသူတွေက ဘယ်လောက်ပဲ အနိုင်ကျင့် ပါစေ နောက်တစ်နေ့ မနက်ရောက်ရင် သူက အကုန်လုံးကို မေ့သွားပြီ ပဲ ဖြစ်လေတယ်။ ခေါင်းဆောင် ကလည်း သူ့အပေါ် ကြမ်းတမ်း ယုတ်မာ ပေမယ့် သူကတော့ ကျေးဇူးတင်နေဆဲပဲ။

ဟန် ကတော့ သူ့ထက်တောင် ပိုပြီး အရေးကြီးတဲ့ သူ့ရင်ထဲက လူပဲ။

ချီဟန် ကတော့ သားရေ အဝတ်စတွေကို အမြန်မချူပ်တော့ပေ။ အဲ့အစား ၃ ရက် အတူတူ ငါးမျှား ပြီးတော့ ကျန်တဲ့ ၂ရက်ကနေ ၁၀ ရက်ကျော် အထိ သိုလှောင်ရုံကို သန့်ရှင်းရေး လုပ်ပြီး အစာတွေကို သိမ်းဆည်းနေခဲ့တယ်။

အစာအသောက်တွေ အများကြီး ရှိပြီးတော့ အားလပ်ချိန် အများကြီး ရှိလာတဲ့ အခါကျတော့မှ ချီဟန်က လူနေမှု ဘဝ ရဲ့ အရည်အသွေးကို အာရုံစိုက်ဖို့ အချိန် ရောက်လာတော့တယ်။

ချီဟန်က တုံ ကို ထင်းအတွက် ခုတ်ယူထားတဲ့ သစ်သားအပိုင်းကြီးကနေ ရေချိုးဇလုံ အကြီးကြီး ဖြစ်အောင် လုပ်ပြီး အပြင်မှာထုတ် ထားဖို့ တောင်းဆိုလိုက်တယ်။ အခု ချိန်မှာ အပြင်ဘက်နေရာမှာ နှင်းတွေ ကျနေတဲ့ အတွက်​ကြောင့် သူသာ အလိုရှိရင် ဘယ်အချိန်မှာ မဆို ရေပူတည်ပြီးတော့ ရေချိုးလို့ ရပြီလေ။

ချီဟန်က နေ့တိုင်း ပျင်းနေတဲ့ အတွက်​ကြောင့် သူက နေ့တိုင်းပဲ ဘာစားရမယ်ဆို တာကိုပဲတွေးနေ ခဲ့လေတယ်။ သူက တိရိစ္ဆာန် အဆီကိုသုံးပြီးတော့ ဆီထုတ်ကြည့်တယ်။ ဝက်သားပြားပြားလှီးကြော် ၊ ဝက်သား မီးကင်၊ ကန်စွန်းဥ ထည့်ပြီး မီးဖုတ်ထားတဲ့ ငါးကင်၊ ထင်းရှုးစို့ မီးလုံ ဖုတ်။ သူ စဥ်းစားလို့ ရသမျှကို ချက်ပြုတ်ခဲ့ပြီးတော့ အဲ့ ပါဝင်ပစ္စည်းတွေ ကိုတောင်မှ သူကိုယ်တိုင် စုစည်းခဲ့ပါသေးတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now