အပိုင်း (4. 2)

3.5K 439 18
                                    

(4. 2)

ထို လူကြီး ရဲ့ ဘေးမှာတော့ အသက်ကြီးနေတဲ့ အမျိူး သမီးအိုကြီး ရှိနေခဲ့တယ်လေ။ သူမရဲ့ နှဖူး  နဲ့ လည်ပင်းတွေ ပေါ်မှာ ဆေးရောင်တွေ  ခြယ်သ ပြီးတော့ ဘာပုံစံ တွေလည်း ဆိုတာ ကိုတော့ သူလည်း မသိပါချေ။ ပြီးတော့ ခေါင်းပေါ်မှာလည်း အမွှေးအတောင်တစ်ချို့ကို စိုက်ထားလေတယ်။ 

အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို သားရေ အပိုင်းအစတွေနဲ့ ကာရံထားတာကို တွေ့ခဲ့ရလေတယ်။ ဘေးနားက သားရဲလူသား အငယ် ကတော့ သူ့ကို ဗလာဖြစ်စွာနဲ့ ကို့ယို့ကားယား ကြည့်နေခဲ့လေတယ်။

ထိုအကြည့်ထဲက ယုတ်မာ မှုတွေ ပါနေတာကြောင့် ချီဟန်အရမ်းကို ရွံရှာမိလေတယ်။

သူက အမျိုးသား တစ်ယောက် လို့ပဲ ကိုယ့်ဘာကို ခံယူထားတာပါနော်။

သူ့လိုကောင်ငယ်လေး က သူ့အကြိုက် မဟုတ်ရပါဘူး။

ဘာပဲ ဖြစ်ဖြစ် သူက သူတို့ ပြောနေတာ တွေကို နားမလည်တာကြောင့် သူက ကျားသစ်လူသားရဲ့ အနောက်ကို ဝင်ပုန်းကာ မသက်မသာ ဖြစ်စေတဲ့ အကြည့် စူးစူးတွေ ဆီကနေ ရှောင်ဖယ်လိုက်လေတယ်။

ယို့...

သူလေး က ရှက်နေတာတဲ့.. ။

သူကြည့်တာ မလို့ သူလေးက ရှက်နေတာ မလား။

ဒါဆိုရင် ပြီးတဲ့အခါ ဘယ်လို ဆက်ဖြစ်ကြမှာလဲ.....  ။

စုန့်ရဲ့ စိတ်ထဲမှာ ကလေးတွေနဲ့ မသက်ဆိုင်တဲ့ မြင်ကွင်းတစ်ချို့ ပေါ်လာ ခဲ့လေတယ်။

'' သူ့ကို ဟုန်ယွင်နဲ့ အတူ ထားလိုက် ။ အဲ့မှာ သူ့ရဲ့ မိဘတွေလည်း မရှိတော့ဘူး။ ဟုန်ယွင်ကိုပဲ သင်ခိုင်းလိုက်။ ဒီပွဲတော် အတွက် လက်ဆောင်အဖြစ်  သားရဲတစ်ဝက် တစ်ယောက် အနေနဲ့ အစားအစာ ဘယ်လို သိုလှောင်ရမလဲ ဆိုတာကိုပေါ့။ ပြီးတော့ ဟုန်ယွင်နဲ့ အတူ လက်တွဲဖော် ရွေးခိုင်းလိုက် ''

ခေါင်းဆောင် က ချီဟန်ရဲ့ နေဖို့နေရာကို စိတ်မရှည်စွာနဲ့ ပြောလိုက်တယ်။ ဒီအရေးမပါတဲ့ ကိစ္စတွေကြောင့် သူအနှောင့်အယှက် မခံချင်ခဲ့ပေ။

သူ့သမီး က ဘာကြောင့်များ အသားအရည်ကို ဖြူဖျော့အောင် လုပ်ရတာဘာလို့ ကြိုက်မှန်း သူမသိခဲ့ပေ။ ဒါပေမယ့် အခုတော့ သူ့သမီးထက် ပိုဆိုးတဲ့ သူတွေ့နေရပြီ။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now