အပိုင်း (10)

3.2K 450 5
                                    

(10)

မိချောင်း ကြီးက ပါးစပ်ကြီး အချုပ်ခံထားရပြီးတော့ ကြီးမားတဲ့ ကိုယ်ထည်ကြီးက သစ်ပင် နှစ်ခုကြားကို ညှပ်နေခဲ့တယ်လေ။ ​ခြေလက်တွေ ကလည်း ကျိူး သွားပြီ  ဖြစ်တာကြောင့် လှုပ်ရှား ရုန်းကန်ဖို့အားအင်တွေ မရှိတော့ပါချေ။ ဒါပေမယ့် ခေါင်းနဲ့ အမြီး ကတော့ သီးခြား ရုန်းကန်လွဲရမ်း နေခဲ့ပါသေးတယ်။

ထိုကောင်ရဲ့ ပါးစပ်က ဟလို့မရအောင် လုပ်ထား လိုက်တာ ဖြစ်ပြီးတော့ တစ်ခြား မိကျောင်းတွေ ကလည်း ထိုသားကောင်ကို စားလို့ မရခဲ့ပါပေ။

သားရဲ တစ်ချို့က ပေါ့ပါးစွာပွေ့ဖက် ကြပြီးတော့ ပျော်ရွှင်နေကြတယ်။ မိကျောင်းသာ ပါးစပ်မဖွင့်နိုင် လမ်းမလျောက် နိုင်ရင် ဘာကြောက် နေစရာ လိုမှာတဲ့လဲ။

ထိုကြီးမားတဲ့ သားကောင်ကြီးက ၇ မီတာ  ၈မီတာ အရွယ်ကနေ ခဏတွင်းပဲ ကြီးမားတဲ့ အသားတုံးကြီး အဖြစ် အမဲဖျက်ခြင်း ခံလိုက်ရပါတော့တယ်။ ပြီးတော့ဝေစု တွေ ခွဲဝေလိုက်တယ်။ လူတိုင်းက အရွယ်ရောက် ဂျိူရှည်သားကောင် တစ်ကောင်စာ ဆီ အသား ရကြလေတယ်။

ဒါက စိတ်လှုပ်ရှား စရာ အကောင်းဆုံး မဟုတ်သေးပါဘူး။ စိတ်လှုပ်ရှား စရာ အကောင်းဆုံး ကတော့ နေ့တစ်ဝက်ထဲနဲ့တင် အသားအများကြီး ရှာနိုင်ခဲ့လို့ပဲ ဖြစ်လေတယ်။ လိုအပ်တဲ့ ကိရိယာတွေ ကိုလုပ်တဲ့ အချိန်ကိုပါ ထည့်တွက် ရရင်  အခုဖမ်းပြီးတဲ့ အထိဆို တစ်မနက်ခင်းပဲ ကြာလေတယ်။ ဒါတောင် မိကျောင်းသားကောင်ကို ဖမ်းနိုင်ခဲ့တာနော်။

ပထမဆုံး အကြိမ်အနေနဲ့ လူတိုင်း ဆောင်းရာသီမှာ နေ့တိုင်း အသားစားရဖို့ သေချာပြီလို့ တွေးမိကြလေတယ်။ ပြီးတော့ ကိရိယာတွေ ကလည်း အဲ့မှာ ရှိနေသေးတယ်လေ။ အဲ့အချိန်မှာလည်း သားရဲထီး အနည်းငယ်က ချီဟန်ရဲ့ ညွှန်ကြားချက်ကို မလိုအပ်တော့ပဲ သူတို့နေရာကို အလျင်အမြန်ပဲ ပြန်သယ်သွားလိုက်လေတယ်။

ချီဟန်က လည်း အရမ်းကို ပျော်နေခဲ့တယ်။ သူက လူတိုင်း ဆီကနေ နှစ်သက်မှုနဲ့ ချီးကျူးမှုကို လက်ခံ ရရှိခဲ့ပြီးတော့  သူက တစ်နေ့မှာ ၃ နပ်လုံး စားနိုင်တော့မယ်လို့ အတိအကျကို တွေးမိလေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now