အပိုင်း (45. 2)

1.5K 227 3
                                    

(45. 2)

ချီဟန်ဟာ ပင်းထံ ကနေ ထိုဆေးပင်အကြောင်း ဖော်ပြတာကို ကြားတဲ့ အခါ သူတွေးမိတယ်။ တောင်တန်းမြင့်တွေ ပေါ်မှာ ကြီးထွားတယ်။ အနီရောင် သွေးသံလိုမျိုး အသီးရှိတယ်။ ပြီးတော့ အမြစ်ကို စားရတယ်။ အဲ့အချက်တွေ အကုန်စုပေါင်း ပြီးနောက် ထို အပင် ဟာ ' ဂျင်ဆင်း 'ပဲ ဖြစ်ရမယ်လို့ ကောက်ချက် ချမိလေတယ်။ ချီဟန်က သူ့အဖိုး အိမ်ကို အလည်လာတုံး ကဆို အဖိုးက တောင်ပေါ် ကို ဂျင်ဆင်း သွားတူး ဖို့ ခဏတိုင်း အဖိုးနောက်ကနေ  လိုက်သွားဘူးတယ်။ ဒါကြောင့် သူက ဂျင်ဆင်းတွေ ဘယ်နေရာမှာ ပေါက်လေ့ ရှိသလဲ ဆိုတာကို သိလေတယ်။

''မင်းရှာနေတဲ့ ဆေးပင်ကို ငါသိတယ်။ အဲ့တာက ' ဂျင်ဆင်း ' ပဲ ဖြစ်ရမယ် ''

ပင်းက ထိုစကားကို ကြားတဲ့ အခါ မျက်လုံးတွေ ပြူးကျယ် သွားတယ်။ သူက ထိုဆေးပင် ကိုရှာဖွေဖို့ အရမ်းကို ခက်ခဲတဲ့ အချိန်တွေ ရှိခဲ့တယ်။

'' တကယ်လား?  မျိုးနွယ်စု စုန်းမ ၊ အဲ့တာ တစ်ခုလောက် ရယူဖို့ ငါ့ကို ကူညီပေးလို့ ရမလား။ ငါက ငါ့ရဲ့ ကျန်တဲ့ ဘဝ တစ်လျောက်လုံး မင်းရဲ့ ကြင်နာမှု ကို ပြန်ပေး ဆပ်သွားမှာပါ ''

ပင်း ရဲ့ နှလုံးသား ထဲမှာတော့ ယန်မင်းက သူ့ကိုယ်သူထက် ပိုပြီးတော့ အရေးပါတယ် လို့ ယူဆထားဆဲ ပါပဲ။ တကယ်လို့ သူမကိုသာ ရောဂါ ပျောက်အောင် ကုသ နိုင်ခဲ့ မယ်ဆိုရင် သူ့အတွက် ဘုရားပေးတဲ့ ကောင်းချီးပါပဲ ။

'' ဒီကိစ္စတွေ ဖြစ်ပျက် ပြီးသွားတဲ့ နောက် ကျရင် အဲ့တာကို ရှာဖို့ တောင်ပေါ်ကို  အတူလိုက်ခဲ့ပေးမယ်။ ''

'' ကောင်းပြီ ကောင်းပြီ။ အဲ့တာက သားရဲနတ်ဘုရားရဲ့ လမ်းညွှန်မှု ကြောင့်ပဲ။ သူက ငါ့နှလုံးသား ထဲက စကားတွေကို ကြားပြီးတော့ မင်းနဲ့ အတူ ချောင်ယွမ် မျိုးနွယ် စုကို လိုက်သွားဖို့ လမ်းပြခဲ့တာ ဖြစ်ရမယ်။ ဘာလို့လဲ ဆိုတော့ ငါလိုချင်တဲ့ အရာတွေက ဒီနေရာမှာ အကုန် ရှိနေတယ်လေ။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ် ''

ပင်း ကဒူးထောက်ချကာ ဂူရဲ့ ထွက်ပေါက် အပြင်ဘက်က အပြာရောင်ကောင်းကင် ကြီးဆီကို မျက်နှာ မူပြီးတော့ သူ့လက်တွေနဲ့ အရိုအသေ ပေးလိုက်တယ်။ ဘဝအချိူးအကွေ့တွေကို ကြုံခဲ့ရတဲ့ သားရဲလူသား တစ်ယောက် အနေနဲ့ ဒီအချိန်မှာတော့ မထိန်းနိုင်ပဲ မျက်လုံးထောင့် မှာ မျက်ရည်တွေ စိုစွတ်လာခဲ့တယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now