အပိုင်း (43.2)

1.4K 220 0
                                    

(43. 2)

'' ငါကြားခဲ့တာ ရတော့ အဲ့မျိုးနွယ်စု စုန်းမက မျိုးနွယ်ထဲက မိဘမရှိတော့တဲ့ အမျိုးသမီးနဲ့ အမေ တစ်ယောက်ပဲ ကျန်တော့တဲ့ အမျိုး သမီး အဲ့နှစ်ယောက်ကို ရွေးထားတယ်တဲ့လေ ''

'' အရမ်းကို အနိုင်ကျင့်လွန်းတာပဲ''

သားရဲလူသားအများကြီးက ဒီလိုမျိုး အပို့ခံ ရမယ့် မိန်းကလေး ရွေးချယ်တာ ကို သိလိုက်ရတော့ အတော်လေး ကို စိတ်ဆိုးဒေါသ ထွက်သွား ကြလေတယ်။ အမှန်ဆို အဲ့လို အမျိုးသမီး တွေက အရမ်း သနားဖို့ ကောင်းပြီးတော့ သေချာလေး ဂရုစိုက်ပေး ခံရသင့်တယ်လေ။

ကျဲ က တုံနဲ့ ချီဟန် တို့ရဲ့ အမူအရာကို စောင့်ကြည့် နေခဲ့လေတယ်။ ပြီးတော့ သူ့ရဲ့အမူအရာ ကလည်း အနည်းငယ် မတည်မငြိမ် ဖြစ်နေလေတယ်။ သူက အရင်တုံးက တွန့်ဆုတ် တွန့်ဆုတ် ဖြစ်ခဲ့တဲ့  အကျင့်ကြီးက  ပြန်ပေါ်လာကာ စကားပြောချင်ပေမယ့် တုံ့ဆိုင်းနေခဲ့တယ်။

'' ကျဲ မင်းမှာ ပြောစရာ တစ်ခုခု များရှိသေးတာလား ။ ရှိရင်လည်း ဘာပဲ ဖြစ်ဖြစ် တစ်ခါတည်း ထုတ်ပြောလိုက်။ မင်းပြောပြီးတဲ့ အခါ ကျရင် မင်းလည်း စောစောပြန်ပြီး အနားယူလို့ ရတာပေါ့ ''

သူ့မှာ ပြောစရာ ကျန်နေသေးတယ် ဆိုတာ ချီဟန် သေချာပေါက် ပြောရဲတယ်။ ပြီးတော့ အခုလို ထုတ်ပြောဖို့ တွန့်ဆုတ် နေတာက သူရှက်နေတာ ကြောင့် ဖြစ်နိုင်တယ်။

'' အမှန်တကယ်တော့.... ကျွန်တော်က သားရဲလူသားအနည်းငယ်နဲ့ အမျိုးသမီး တစ်ချို့ ကို ပြန်ခေါ် လာခဲ့တယ်။ သူတို့က မျိုးနွယ်စု အပြင်မှာ ရပ်စောင့်ပြီးတော့ ကျွန်တော့် ဆီက သတင်းရဖို့ စောင့်နေခဲ့တာ.....''

​တစ်ခြားမျိုးနွယ်ရဲ့ အမျိုးသမီးတွေကို ခွင့်ပြုချက် မရှိပဲ ခေါ်လာမိတာ ဖြစ်ပြီး ထိုအမျိုးသမီးတွေက မျိုးနွယ်စုရဲ့ စောင့်ရှောက်ခံ ဖြစ်တာကြောင့် တုံနဲ့ ချီဟန်ဟာ သူ့ကို အပြစ်တင်မှာကို ကျဲ ကြောက်နေခဲ့တာပဲ ဖြစ်တယ်။ ဒါက တစ်ခြားမျိုးနွယ်စု ရဲ့ လူတွေကို ပြောင်ပြောင် တင်းတင်း ခိုးယူတဲ့ ကိစ္စရပ်ကြီးလေ။

'' ဘယ်သူတွေလဲ?  ဘယ်မျိုးနွယ် ကလဲ?''

'' ဟမ်း....  ကျောက်တုံး မျိုးနွယ်က ပိတ်ခံထားရတဲ့ အမျိုးသမီး နှစ်ယောက်ပါ။ သူမတို့မှာ မိတ်ဖက်ကောင်းတွေ ရှိတယ်လေ။ သူမတို့ရဲ့ မိတ်ဖက် သားရဲလူသားထီးတွေက သူမတို့က တဲထဲက နေ ခိုးထုတ်ပြီး ငါတို့ပြန်လာတဲ့ လမ်းတစ်လျောက် ခိုးလိုက်ခဲ့ပြီးတော့ ငါတို့တွေ့ခဲ့ကြတယ်။ အဲ့အချိန်ကစပြီးတော့ ငါသူတို့ကို ပြန်ခေါ်လာမိတယ်။ သေချာပေါက် သူတို့ကို ခေါ်သွင်း မသွင်းကတော့ ခေါင်းဆောင်နဲ့ မျိုးနွယ်စု စုန်းမ တို့ သဘောအတိုင်း ပါပဲ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now