အပိုင်း (58. 1)

850 134 6
                                    

(58.1)

ချီဟန်က သူ့မျိုးနွယ် က လူတွေ ပုလိပ်ရောဂါ ကူးစက်မှု ကနေ ကာကွယ်ပေး ဖို့ရာအတွက် အဲ့လို နှလုံးသား မဲ့စွာ လုပ်မှ ပဲ ရမှာ ဖြစ်လေတယ်။ သူက ချန်းရှီးလေးကို အဒေါ် နှစ်ယောက်နဲ့ ဟုန်ယွင်တို့ ဆီ ပို့ပြီးတော့ သူနဲ့ တုံ က အတူတူ လမ်းထွက်လျောက် ကြည့်ခဲ့တယ်။

ချီဟန်က မျိုးနွယ် က လူတွေကို ထိုရေတွေအား မသောက်ခိုင်းပေ။ အထူးသဖြင့် အခုချိန်ပေါ့လေ။ သူတို့က မိုးကေ ခံဖို့ ရွံစေး အိုးတွေကို သုံးနိုင်တယ်။ ပြီးတော့မှ မိုးရေကို ချက်ပြီးတော့ သောက်ခိုင်းလေတယ်။

တစ်နေ့မှာတော့ မြောက်ပိုင်းမှာလာနေတဲ့ သားရဲလူသား မိသားစု တစ်ခု က ချီဟန်ကို လုံးဝ ဒေါသ ထွက်သွားစေခဲ့တယ်။ သူတို့မျိုးနွယ်စု ရဲ့စုန်းမ က ချီဟန် သူတို့ကို ငှားထားတဲ့ အိမ်ထဲမှာ ယစ်ပူဇော်ပွဲ တစ်ခု ကို လုပ်နေခဲ့တယ်။

သားရဲလူသား ငယ်လေးကို ကြိုးနဲ့ သစ်သားတုံးမှာ တွဲချည်ကာ မြစ်ကြောင်းတစ်လျောက် မျော ဖို့လုပ်လေတယ်။ ချီဟန် က အရမ်းကို ဒေါသ ထွက်သွားကာ တုတ်ချောင်းတစ်ခု ကောက်ယူ ပြီးတော့ သူတို့ကို စတင် မောင်းထုတ်တော့တယ်။

'' ထွက်သွားကြစမ်း ငါ့မျိုးနွယ်ထဲမှာ ယစ်ပူဇော်မှုတွေ ခွင့်မပြုဘူး။ ငါ့အိမ်ထဲက အခု ထွက်သွား ကြစမ်း ''

'' မင်းက ယစ်ပူဇော်ပွဲကို ဘယ်လိုမျိုး တားရဲ ရတာလဲ?ငါတို့က မိုးနတ်ဘုရားကို ယစ်ပူဇော်နေတာ မင်းက ဝင်ဖျတ်တော့ မိုးနတ်ဘုရား က ဒေါသ ထွက်လာတော့မယ် ''

ခဏနေတော့ ထို ဆံပင်ဖို့ယို့ဖားယားနဲ့ အမျိူးသမီးအိုကြီး က ချီဟန်ရဲ့ မောင်းထုတ်ခြင်းကို ခံရပြီးတော့ အိမ်အပြင်ဘက်ထွက်ရလေတယ်။ သူမရဲ့ မျက်နှာအိုကြီးနဲ့ ဆံပင်တွေက မိုးရေတွေ စိုနေကာ ပိုပြီးတော့တောင် အကျည်းတန် သွားလေတယ်။

'' ဒီနေရာမှာ ဘာမိုးနတ်ဘုရားမှ ပူဇော်စရာ မလိုဘူး။ မင်းက ကလေးတွေကို ချည်နှောင်ပြီး မြစ်ထဲ ဒီအတိုင်းမျော ချနေတာပဲ။ မင်းက မိုးနတ်ဘုရားကို တော့ ပူဇော်နေတာ မဟုတ်ဘူး။ မင်းက မြစ်ထဲက မိကျောင်းတွေကို အစာကျွေးဖို့ စီစဥ်နေတာ ပဲ မဟုတ်လား?  ဒီမြစ်ကျောင်းတစ်လျောက် က ငါတို့ ချောင်ယွမ် မျိူးနွယ် က ပိုင်ဆိုင်တယ်။ မင်းတို့ က သူတို့တွေကို ကလေးတွေ ကျွေးစရာမလိုဘူး။ ငါတို့က မိကျောင်းအသား စားတာကွ ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now