အပိုင်း (48. 2)

1.3K 201 2
                                    

(48. 2)

'' အကိုကြီး ကျောက်တုံး ၊ မျိုးနွယ်ထဲ မှာ မီးလောင် နေပြီးတော့ ငါတို့ မျိုးနွယ်ကိုလည်း တစ်ခြားသားရဲ လူသားတွေက လာတိုက်နေတာ ။ ခေါင်းဆောင်က အဲ့နေရာကို လာပြီးတော့ အကူအညီ ပေးစေချင်နေတယ် ''

လှုပ်ရှားမှုတွေက သဘာဝ မကျတဲ့ အတွက်ကြောင့် အဲ့တာကို ကျောက်တုံး က အစကတည်းက သတိထား မိပြီးသားပဲ ဖြစ်လေတယ်။

အခုချိန်မှာ မီးလောင်နေတယ် ဆိုတာ ကို လည်း ကြားလိုက်ရရော သူက အတော်​လေး အံ့သြ သွားတယ်။

အခုက မိုးရာသီ မဟုတ်ဘူးလား။ ဘာကြောင့် မီးကလောင် ရတာလဲ။ ပြီးတော့ ကျားဖြူမျိုးနွယ်ကို တစ်ခြား သားရဲလူသား တွေက လာတိုက်တယ် ဆိုတာလည်း ကြားလိုက်ရရော သွေးတွေ ဆူပွက်ကာ ထရပ်လိုက်တယ်။

'' သူတို့က တကယ်ကြီး သေလမ်း ကို ရှာနေတာပဲ။ မင်းတို့ နှစ်ယောက် ဒီနေရာမှာ စောင့်နေခဲ့ကြ။ ပြီးတော့ ကျန်တဲ့ သူတွေ အကုန်လုံး ငါ့နောက်ကနေ လိုက်ခဲ့ကြစမ်း ''

ဂူဝကို ကျောက်တုံး အကြီးကြီး နဲ့ ပိတ်ဆို့ထားတဲ့ အတွက်ကြောင့် ဂူထဲက အမျိုသမီးတွေနဲ့ သားရဲတစ်ဝက်တွေက အပြင်ကို မထွက်နိုင်ကြပေ။ ထိုသားရဲလူသားငယ် နှစ်ယောက် က ဂူအပေါက်ဝ ကို အစောင့်ထားဖို့ က လိုတာထပ် ကို ပိုနေပြီပဲ ဖြစ်တယ်။

ကျူးရှီ က အရှေ့ဘက်ကို မြန်မြန် ကူညီပေးဖို့ လှမ်းခေါ်လိုက်တယ်။

သူတို့လည်း အဝေးကို ရောက်သွားရော လန် နဲ့ တစ်ခြား သူတွေက ပုန်းနေတဲ့ နေရာတွေ ကနေ ထွက်လာခဲ့ကြကာ ဂူဝမှာ ရှိတဲ့ ကျောက်တုံးကြီးကို ဖယ်လိုက်ပြီးတော့ အထဲကို လမ်းလျောက် ဝင်သွားခဲ့တယ်။

အထဲမှာ အရမ်းကို မှောင်နေပြီးတော့ သားရဲတစ်ဝက်တွေနဲ့ အမျိုးသမီးတွေက သူတို့ကိုထပ်ပြီးတော့ အနိုင်ကျင့် မယ်လို့ထင် သွားကြလေတယ်။ သူတို့က ဂူပေါက်ဝ ရဲ့ ကျောက်တုံးကြီး ဖယ်ခံလိုက်ရတာနဲ့ တိုးကျပ်ပြီးတော့ အော်ဟစ်လာကြတယ်။

'' မအော်ပါနဲ့။ ငါတို့ က မင်းတို့ကို ခေါ်ဖို့ရောက်လာတာပါ။ မအော်ပါနဲ့။ ငါက ကျဲပါ။ ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now