အပိုင်း (61.1)

550 87 2
                                    

(61.1)

ယန်မင်းက ထိုတောက်ပတဲ့ အရာတွေ ဆီ ကနေပြီးတော့ အကြည့်မလွဲနိုင်တော့ကာ သူမနဲ့ နီးတဲ့ ဆိုင်ကို သွားကာ ကြည့်လိုက်လေတယ်။ ချီဟန်က သူမကို မလိမ်ခဲ့ဘူးပဲ။ အဲ့ဆိုင်တွေမှာ ပုလဲ လက်ကောက်တွေနဲ့ ဆွဲကြိုးတွေ အများကြီး ရှိတယ်ဆိုပေမယ့် နောက်ဆုံးတစ်ခေါက် က ပင်းယူလာ တဲ့ ဟာတွေလောက် မကောင်းပေ။

ယန်မင်း က ပုလဲ တွေကို ရပ်ကြည့်ကာ တစ်ခြား တစ်ခု ကို ကြည့်လိုက်သေးတယ်။

'' ဒါက ငါတို့ ပင်လယ်မျိုးနွယ်စုရဲ့ အထူးထုတ်ကုန်ပါ။ မင်း အဲ့ထဲ ကနေ ပြီးတော့ ပင်လယ်ရဲ့ အသံကို နားဆင် နိုင်ပါတယ်။ မင်းနားထောင် ကြည့်ပါ့လား ''

ဆိုင်ပိုင်ရှင် က ငယ်ရွယ်တဲ့ ပင်လယ်လူသား တစ်ယောက်ပဲ ဖြစ်လေတယ်။ ယန်မင်းက သူ့ဆိုင်ဘက်ကို လှည့်ကာ ပုလဲ တွေကို ပဲ ကြည့်နေတဲ့ အတွက်ကြောင့် သူမက သိသိသာသာ ကိုပဲ သူ့ကို မမြင်ပေ။ ဒါကြောင့် သူက ပစ္စည်းတစ်ခုကို ယူကာ မှတ်ချက် ပေးလိုက်လေတယ်။ သူက ယန်မင်း ဆီကို နေရောင်အောက်မှာ ရွှေရောင်တောက်ပ နေတဲ့ ကြီးမားတဲ့ ခရုသင်းတစ်ခုကို ကမ်းပေး လိုက်လေတယ်။

ချီဟန် တစ်ချက် ကြည့်ရုံနဲ့တင် ထို ခရုသင်းက သူ့ရဲ့ ဆိုင်တစ်ဆိုင်လုံးမှာ တန်ဖိုး အရှိဆုံး ဆိုတာကို သိရလေတယ်။ ဒီလို ရွှေရောင်အခွံ ရှိဖို့ ဆိုတာက အတော်လေး ရှားပါးပြီးတော့ ဒီလောက်ကြီးတဲ့ ခရုသင်းကို ဖမ်းနိုင်ဖို့ သူ့အတွက်တော့ လွယ်ကူ နေမှာ မဟုတ်ပေ။

'' တကယ်ကြီး ၊ ဒီမှာ အသံတစ်ခု ရှိတယ်။ မျိူးနွယ်စု စုန်းမ ရှင်ရော နားထောင်ချင်လားဟင်? ''

ယန်မင်းက စိတ်လှုပ်ရှားစွာနဲ့ သူမနားဘေးက ခရုသင်းခွံကို ချီဟန်ဆီကို ကမ်းပေးလာခဲ့တယ်။

'' တော်ပါပြီ၊ တကယ်လို့ ဒါကိုသာ မင်းကြိုက်တယ် ဆိုရင် သူတို့ သွားပြီးတော့ အမဲလိုက် ခိုင်းပြီး လဲပေးမယ်လေ ''

'' မလိုပါဘူး။ မင်းဒါကို လဲ စရာ မလိုပါဘူး။ မင်းကို ငါပေး လိုက်ပါ့မယ် ''

ငယ်ရွယ်တဲ့ ပင်လယ်လူသားလေး က သူ့ရဲ့ဆံပင်ကို ရှက်ရွံစွာနဲ့ ကုတ်ကာ သူရဲ့ ဖြူဖွေးတောက်ပ နေတဲ့အသားအရေက အနည်းငယ် အနီရောင်သန်းနေလေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Dove le storie prendono vita. Scoprilo ora