အပိုင်း (34.1)

2K 336 0
                                    

(34. 1)

ချီဟန်က တုံ အတွက် တိရိစ္ဆာန် သားရေ အပေါ်ဝတ်ကို အစောကြီး ကတည်းက ချုပ်ပေး ပြီးသားပဲ ဖြစ်လေတယ်။ မနှစ်က ချုပ်ပေး ထားတဲ့ ဝတ်စုံ ၂ ခုက သေးငယ်သွားပြီ ဖြစ်ပြီးတော့ ဒီနှစ်မှာ ပိုလို့တောင် ထွားလာသေးတယ်လေ။ ပြီးတော့ မနှစ်က အထည်တွေက ဟောင်းနွမ်းနေပြီလေ။

သူက နှစ်​ယောက်လုံး အတွက် လျော်ထည် အဝတ်တွေ ချုပ်ပြီး သွားတာကြောင့် သူတို့ရဲ့ တိရိစ္ဆာန် သားရေ ရဲ့အောက်မှာ ဗလာကြီး နေစရာ မလိုတော့ပါပေ။ ချီဟန်က စိတ်ထဲမှာ သက်ပြင်းချ လိုက်တယ်။ ဒီနှစ်ဆောင်းကိုတော့ အရင်တုံး က ဆောင်းလိုမျိုးပဲ ဖြတ်သန်း ရတော့မှာပဲ။ ဒါပေမယ့် နောက်နှစ်ကြရင်တော့ ထို ငှက်မွှေး အပင်တွေကို အများကြီး စုဆောင်း ထားရမယ်။ အဲ့အခါ သူတို့ဝတ်ဖို့ရာ ထိုဟာတွေ ဖြည့်ထားတဲ့ အထည်တွေကို ချုပ်ဝတ်လို့ ရပြီပေါ့။

အခု လက်ထဲမှာ ရှိနေတဲ့ ငှက်မွှေးလို အဖြူမွှေးလေးတွေက ချန်ရှီးလေး နဲ့ ဟုန်ယွင်ရဲ့ သားရဲတစ်ဝက် ​ကလေးလေး အတွက် အဝတ်တစ်ထည်စီ ချုပ်ပေး ခဲ့ပြီးတာမလို့ အဝတ်အပိုင်း အစ လေး အနည်းငယ်သာ ကျန်ရှိနေတော့တယ်။

ကျန်တဲ့ အပိုင်းအစတွေ ကိုလည်း အဒေါ်နှစ်ယောက်က စွမ်းရည်ပြည့်ဝ စွာနဲ့ အတူတူ ပူးပေါင်း ထည့်ကာ ကလေး၂ ယောက် အတွက် သားရေခံ ၂ခုစီ ချုပ်ပေးခဲ့တယ်။ ဘာလို့လဲ ဆိုတော့ သူတို့လေးတွေက သားရေတွေ အရမ်းကျနေလို့ပဲ ဖြစ်တယ်။

ဘယ်အဒေါ်မဆို ချီဟန်ထက်တော့ အပ်ချုပ် စွမ်းရည် ပိုသာလေတယ်။ ဘယ်လောက် ပိုကောင်း သလဲ ဆိုတာကိုတော့ ချီဟန်မသိတော့ပါပေ။ ဒါကြောင့် ကလေးငယ်တွေ အတွက် အဝတ်တွေကို အဒေါ်တွေ ဆီကိုပဲ စိတ်ချ လက်ချ အပ်ထား လိုက်တော့တယ်။ အပေါ်က လျော်ထည် အဝတ် ချုပ်ပြီး သွားတဲ့နောက် ရှိတဲ့ အမွှေးနု ဖြူလေးတွေကို ထည့်ပြီးသွားတဲ့နောက် ကလေးငယ်တွေ အတွက် နူးညံ့အိစက်တဲ့ ဝတ်စုံလေးတွေ ရပါပြီ။

ချီဟန်က တုံးဟွားအဒေါ်ကို ပိုတဲ့ ဟာတွေနဲ့ သူမတို့၂ ယောက်အတွက် ဦးထုတ် အသေးလေး လုပ်ခိုင်းလေတယ်။
အကုန်လုံးကို ထည့်ချုပ်ပြီးတဲ့နောက် မှာတော့ သူမ ခမျာ အနွေးပွပွလေး ခံစားမိပြီးတော့ လက်နဲ့ မဖိကြည့်ပဲ မနေနိုင်ပါပေ။ နောက်တော့ သူမရဲ့ ကိုယ်ပိုင်ဆိုင်မှု ကို ဖွင့်ပြီးတော့ အထဲက အဖြူရောင် ယုန်သားမွှေးကို ထုတ်ကာ မျိုးနွယ်စု ထဲက ကလေးတစ်ယောက် ချင်းအတိုင်း အတွက် တစ်ခုဆီ လုပ်ပေးလိုက် လေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now