အပိုင်း 12

3.2K 487 7
                                    

(12)

တုံ က ဒီရက်တွေ မှာ အမဲ မလိုက်နိုင်ပေ။ ပြီးတော့ ဆောင်းရာသီ ကြီးကလည်း ဝင်ရောက် လုဆဲ ဆဲ ဖြစ်နေခဲ့ပြီ။ ချီဟန် ကလည်း တစ်ခြားသူတွေရဲ့ လက်ဆောင် အပေါ်ကိုပဲ မှီခို မနေချင်ပေ။ ဒါက အရမ်းကို မလုံမခြုံ ဖြစ်စေတယ်လေ။

သူက ကမ်းခြေ ပေါ်ကို မိကျောင်း တွေ အများကြီး တက်လာတာကို စဥ်းစား မိတယ်။

ဘယ်လို လုပ်ရမလဲ! ??

ကမ်းခြေမှာ ထောက်ချောက် အကြီးကြီး တစ်ခု တူးရင်ကော? !

ဒါပေမယ့် ဘယ်လောက်ပဲ တူးထားပါစေ မိကျောင်း တစ်ကောင်က ၇ မီတာ ၈ မီတာ တောင် ​ရှည်တယ်လေ။

တကယ်လို့ သူသာ တော်တော်လေး နက်ရှိုင်းပေမယ့် မကျယ်တဲ့ ထောင်ချောက် တူးမိရင် သူ ပြန်လှည့်ပြေးလို့တောင် မရပဲ မိကျောင်းရှေ့မှာ တင် အစာ ဖြစ်ပြီး သေ သွားလိမ့်မယ်။ ပြီးတော့ ကိုယ်တူးထားတဲ့ တွင်းထဲကနေ တက်နိုင်မယ် ဆိုရင်တောင်မှ ခြေနှစ်ချောင်းလုံး စားတာ ခံရလိုက်လိမ့်မယ်။

ပြီးတော့ ထိုဟာတွေက တစ်ချိန်ထည်း ကမ်းပေါ်တက်တာ မလို့ တစ်ကောင် မိရင်တောင်မှ အနောက်ကနေ လိုက်ပါလာတဲ့ အကောင်တွေကို ဖြေရှင်းဖို့ မရလေဘူး။ အဲ့အချိန်မှာသာ မိကျောင်း လှမ်းဟပ်လို့ လျောကျပြီး ထောင်ချောက်ထဲ ကိုပြန်ကျ သွားရင် ပွဲ သိမ်းပြီပဲ ။

သစ်ပင်ကြီး ၂ ခု ကို ဝင်ပေါက် အနေနဲ့ သုံးမယ် ဆိုရင် တစ်ကြိမ်မှာ တစ်ယောက်သာ ဖြတ်သန်းလာနိုင်မယ်။ သားရဲ လူသားက ထိုအကောင်ကို ငါးစာနဲ့ မျှားခေါ်ပြီးတော့ ငါးစာကို ထောင်ခြောက်အပေါ်ကို ပစ်တင်ရမယ်။ အဲ့ကျရင် ထိုကောင်က ထောင်ချောက်ထဲ ကျမှာပဲ။ ဒါပေမယ့် အဲ့ကောင်ရဲ့ အနောက်က ကောင်ကို ဘယ်လို တားရမလဲ? ?

သားရဲ လူသား တစ်ယောက်အတွက် မိကျောင်းရဲ့ ခြေလက်တွေကို ချိုးဖို့ ဆိုရင် မိနစ်ဝက်သာ ကြာလေတယ်။ တကယ်လို့ မိနစ်ဝက်တောင် မလိုဘူးဆိုရင်ရော.....  ။

ငါးစာ ။

အသားတုံးနဲ့ ပိတ်မယ် ။

ဟုတ်တယ်။

ငါးစာ နည်းနည်းလောက် နဲ့ မြူရမယ်။

အနောက်က ကောင်တွေဆီကို ငါးစာအနေနဲ့ အသားတုံး ပစ်ပေးလိုက်မယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now