အပိုင်း (1.2)

5.1K 600 31
                                    


(1.2)

နေလုံးကြီး ဝင်တော့မယ့် အချိန်ကို ကြည့်နေရင်းမှာ ပဲ အဝေးနေရာ မြစ်ကလည်း တလက်လက် တောက်ပနေခဲ့တယ်။ ပြီးတော့ ကောင်းကင် ကြီးဟာလည်း အပြာ မီးခိုးမှိုင်းရောင် ပေါ်နေခဲ့တယ်လေ။

တကယ်လို့ ဖုံးကွယ်ထားတဲ့ အန္တရာယ် တွေကို သာ ဖယ်ရှားလိုက်မယ် ဆိုရင် ဘယ်လောက်တောင် လှပလိုက်တဲ့ မြင်ကွင်းလေးပါလိမ့်!

ချီဟန်က သူ့ရဲ့ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို လျှာနဲ့ သပ်လိုက်တယ်။ သူ့ရဲ့ တစ်ကိုယ် လုံးကလည်း ချွေးတွေနဲ့ စိုရွဲနေလေရဲ့။ ဒါကြောင့် မလို့ စေးကပ်ကပ်နဲ့ မသက်မသာ ဖြစ်မှုကို ခံစားလိုက်ရတယ်။

ချီဟန်က သစ်ပင်ပေါ်ကနေ အသာလေး လှုပ်ရှားနေကာ သူ့ရဲ့ ရှိသမျှ ခွန်အားတွေကို ညှစ်ထုတ်ကာ ဘေးက အသီးကိုလည်း သေချာလေး ခူးယူလိုက်ပြီးတော့ အခွံကို ခွာလိုက်တယ်။

တစ်လုံးထဲနဲ့တင် သူ့ရဲ့ ဗိုက်ကို ပြည့်စေဖို့ လုံလောက်တာကြောင့် စတင်ပြီးတော့ စားတော့တယ်။ ဒါက သူဘယ်လို အသက်ရှင် ခဲ့ရသလဲ ဆိုတဲ့ အကြောင်း ပဲ။ ဒါကြောင့် သူ့စိတ်ထဲမှာ လျှို့ဝှက်စွာ ဆုံးဖြတ် ချက်ချ လိုက်တာက နောက်နေ့မှာ သူအောက်ကို ဆင်းပြီး ထွက်သွားရမယ် လို့ပေါ့လေ။

နောက်တစ်နေ့ မနက်ခင်း အလင်းရောင် ကောင်းစွာ မရောက်သေးခင် အချိန်မှာပဲ ချီဟန် နိုးလာခဲ့လေတယ်။ သူက အိပ်တယ် ဆိုပေမယ့်လည်း ထိုသစ်ကိုင်းတွေ ပေါ်မှာတော့ ကောင်းစွာ မအိပ်ရဲခဲ့ပါချေ။ သူက ထုံကျင်နေတဲ့ သူ့ရဲ့ ခြေတွေနဲ့ လက်တွေကို နှိပ်နယ် လိုက်တယ်။ သူက ထလိုက်ပြီးတော့ အသီး သုံးလုံး ခူးလိုက်တယ်။

တစ်လုံးကတော့ သူ့ရဲ့ မနက်စာ အတွက်ပေါ့လေ။ ကျန်တဲ့ ၂ လုံးကတော့ သူနဲ့အတူ ယူသွားဖို့ အစီအစဥ် ချခဲ့တာ ပဲ ဖြစ်လေတယ်။ သူက ထိုအသီးတွေကို ထုတ်ပိုးနေတုံးမှာပဲ မြက်ခင်းပေါ်က လမ်းလျောက်လာတဲ့ ခြေသံတွေကို ရုတ်တရက် ကြားလိုက်ရတယ်။

ချီဟန်က ခဏတော့ ရပ်နေပေမယ့် အသံအကျယ်ကြီးနဲ့ အတူ သူ့ရဲ့ မသေးငယ်လှတဲ့ ကိုယ်က တုန်ခါလာကာ အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်သွား ခဲ့လေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now