အပိုင်း (50. 1)

1K 165 1
                                    

(50. 1)

ယုလုံ က သူသေတော့မယ် လို့ ခံစားမိလေတယ်။ သူ့ရဲတောင်ပံ ခက်လိုက်တိုင်းမှာ ဒဏ်ရာတွေ ပြည့်နေပေမယ့် သူက အတော်လေးကို ဆန်းဆန်းတင့်နေပြီးတော့ အဝေးဆုံးရောက်အောင် ပြန်ပြေး နေရတယ်လေ။ ကံကောင်းစွာနဲ့ပဲ သူ့ရဲ့ အရိုးတွေ အထိတော့ မနာကျင်နေဘူးလေ။

အဲ့လိုမှ မဟုတ်လို့ကတော့ သူက ထွက်ပြေး လွတ်မြောက်နိုင်မှာ မှ မဟုတ်တာ။ သူအဆွဲဖြဲ ခံရလိမ့်မယ်။ သူ့ရဲ့ အမှီးက သွေးတွေ တစ်စက်စက် စီးကျနေပေမယ့် သူက ရပ်တန့်ပြီးတော့ အနာကို မကုသ ရဲပေ။

တကယ်လို့ သူ့နောက်က လိုက်တဲ့ ကျားဖြူပျံ ကသာ အပျံစကေး ကောင်းလို့ ကတော့ သူတော့ အစောကြီး ကတည်း က မိတာ ကြာနေပြီ။

သူက သူအခုပြန်နေရတဲ့ ရှန်ချွမ်းတိုက်ကြီးကို အရမ်းမုန်းတယ်။ အဲ့နေရာမှာ သူ့ကို အသုံးမကျတဲ့ စည်းမျဥ်းတွေနဲ့ ချူပ်နှောင်ထား ပြီးတော့ သူကြိုက်ရာ ဘာမဆို လုပ်ခွင့် မရှိပေ။ ဒါပေမယ့် အခုတော့ သူရဲ့ အတွေးထဲမှာ လောင်ရှန်း တောင်တန်းကြီးကို ဖြတ်ပြီးတော့ ရှန်ချွမ်း တိုက်ဘက်ကို ပြန်ဖို့သာ ရှိတော့တယ်။

မြွေပျံ မျိုးနွယ်ရဲ့ မင်းသားအနေနဲ့ ယုလုံဟာ သူငယ်စဥ် ဘဝကတည်း က သာမန်ကလေးတွေ လို ကောင်းကောင်း ဂရုစိုက်ပေးခြင်း မခံ ရပါပေ။ ထိုနေရာမှာ မြွေပျံမျိုးနွယ်ရဲ့ မင်းသား ဆိုတဲ့ ခေါင်းစဥ်ကို ရယူထားတဲ့ တစ်ခြားသူတွေ အများကြီး ရှိနေပါသေးတယ်။

ယုလုံ က သူ့အကိုတွေ အမတွေ ကြားမှာ အကောင်းဆုံး တစ်ယောက် မဟုတ်ခဲ့ပေ။ သူ့မှာ အလွန်အကျွံ မလှည့်ဖျားတက်သလို အဓိပ္ပါယ်ရှိရှိလဲ မလုပ်တက်ပေ။ သူက လုံးဝ ကြိုက်နှစ်သက်စရာ မကောင်းသလို အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်စရာလဲ ကောင်းလေတယ်။

မြွေတွေ အများကြီးထဲမှာမှ အနက်ရောင် က ကွဲ ပြားနေခဲ့တယ်။ သူက သူဟာ ဘာလို့ အဖြူရောင် မဖြစ်ရသလဲ ဆိုတာ နားမလည်လေဘူး။

သူ့ရဲ့ ရွှေရောင် အဆင်းရှိတဲ့ မေမေက သူ့ထက် အကြီး ၉ ယောက်ကို ကျတော့ ရွှေရောင်၊ အဖြူရောင် အကွက်တွေ ရှိတဲ့ မြွေပျံသားရဲလူသား တွေ အဖြစ်မွေးပေးပြီး သူ့ကျတော့ ဘာလို့ အနက်ရောင် ဖြစ်စေခဲ့တာလေ။ သူတို့တွေက အရမ်းကို ကောင်းတယ်။ သူက သူ့ရဲ့ အရောင်ကို အရမ်းမုန်းတီး ပေမယ့် မ​ပြောင်းလဲ နိုင်ပါချေ။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now