အပိုင်း (24)

2.6K 412 6
                                    

(24)

ချီဟန်နဲ့ တုံက လက်ထပ်မှုကိစ္စ အကြောင်းကိုတောင် မလုပ်ရသေးတဲ့ ဖြူစင်သန့်ရှင်းတဲ့ လူငယ်လေး ၂ ယောက် ဖြစ်တာကြောင့် ထိုသေးငယ်တဲ့ သားပေါက်လေးကို ဘယ်လို စောင့်ရှောက် ရမလဲ ဆိုတာ မသိခဲ့ပါပေ။

သူတို့ နှစ်ယောက်က မျိုးနွယ်စု စုဝေးရာ နေရာကို ပြန်ရောက်တော့ အဒေါ် ရှီးချီက ကလေးလေးကို အမြန်ခေါ်ကာ နို့ထွက် အသီးပင်က အရည်တွေကို သုံးပြီး ရိုးရာအတိုင်း သန့်စင်ပေးလိုက်လေတယ်။

အသစ်မွေးဖွားလာတဲ့ သားပေါက်လေးတွေက ရေချိုးလို့ မရပါချေ။ သားပေါက်လေးတွေမှာ အပေါ်ယံ အရေပြား တစ်လွှာပါပြီးတော့ ဖခင်က သားရဲပုံပြောင်းပြီး လျှာနဲ့ လျက်ကာ ဖယ်ပေးမှ လုံးဝကို ပြေလျော့သွားမှာပဲ ဖြစ်လေတယ်။ ဒါပေမယ့် အခုက လုံးဝကို အဲ့လို လျက်ဖို့ မသင့်တော်သေးပေ။ ဘာလို့လဲ ဆိုတော့ ကလေးက အရမ်းကို ညစ်ပတ်နေလို့ပဲ ဖြစ်လေတယ်။

အဒေါ် ချီးရှီးက ကလေးကို နို့ထွက် အသီးလေး ကြွေးတဲ့ အချိန်မှာ ကလေးလေးက နို့အသီးကို သောက်ပြီးတော့ အိပ်ပျော်သွားတာကို တွေ့တော့ သူ့ရဲ့လက်ထဲမှာ ပျော်ရွှင်စွာနဲ့ ပွေ့ဖက်ထားပြီးတော့ လူတိုင်းကို လိုက်ပြလေတယ်။

အရပ်ရှည်တဲ့ သားရဲလူသားထီးတွေရယ်၊ သားရဲတစ်ဝက်တွေရယ်၊ ပြီးတော့ အမျိုးသမီး အသစ်လေးတွေ ​တောင်မှပဲ ကလေးလေးကို ချစ်ခင် စွာနဲ့ အကြိမ်အနည်းငယ်လောက် ပွေ့ချီကြလေတယ်။ အဖွဲ့ဝင် သစ် ပင်းရဲ့ နေမကောင်းတဲ့ အမျိုးသမီး ယန်မင်းတောင် မှပဲ ကလေးလေးကို ကြည့်ရဖို့ နိုးလာခဲ့ပြီးတော့ အထီးကျန်စွာပဲ ကြည့်နေမိလေတယ်။ နောက်တော့ သူမ မထနိုင်တာ တော့တောကြောင့် ဘေးနားမှာ ပြန်လှဲလိုက်လေတယ် ။

ပင်းက သားပေါက်လေးကို ပျိူးထောင်ဖို့ ပြန်ခေါ်လာခဲ့တဲ့ တုံနဲ့ ချီဟန်တို့ကို ကြည့်လိုက်တယ်။ ပြီးတော့ သူတို့နဲ့ ပတ်သတ်ပြီး စိုးရိမ်နေတာတွေ အကုန်လုံး ထိုအချိန်မှာပဲ ပျောက်ကွယ်သွားတော့တယ်။

သားရဲလောကမှာ သားပေါက်လေးကို ကောက်ယူမွေးစားပြီး ပျိူးထောင်ပေးတဲ့ လုပ်ရပ်က အတော့်ကို ချီးကျူး ထိုက်ပါပေတယ်။ ဒီလုပ်ရပ်ကပဲ တုံနဲ့ ချီဟန်က ခေါင်ဆောင်ကောင်းနဲ့ မျိုးနွယ်စု စုန်းမ ကောင်းဆိုတာကို ပြသနေခဲ့တယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now