အပိုင်း (35.1)

2.1K 324 4
                                    

(35.1)

တုံ က ငါးအသားလုံး တစ်အိုးကို ကိုင်ကာ ချီဟန်ကို ဆွဲ ပြီး အိမ်ရှိရာဆီကို တွန်းလိုက်လေတယ်။ ညအချိန်မှာ လေတွေက အရမ်းအေးတာကြောင့် ချီဟန်ခမျာ တိုက်ခက် ခံလိုက်ရတာမလို့ တုန်ရီ သွားလေတယ်။ အစောက သူဟာ ဆီပူအိုးနား မှာ ရပ်ပြီး ကြော်ပေး နေရတဲ့ အတွက်ကြောင့် နဖူးမှာ ချွေးတွေ ထွက်နေခဲ့တာ ပဲ ဖြစ်လေတယ်။ ကြည့်ရတာ မနက်ဖြန် နှင်းတွေ စကြ တော့မယ်ဘထင်ပါရဲ့။  ချီဟန်တုန်တက် သွားတာကို တုံမြင်တော့ ချီဟန်ကို လက်တစ်ဖက်နဲ့ ဆွဲကာ လက်မောင်း ၂ခုကြားမှာ ထွေးပွေ့ထားလေတယ်။

'' မင်း အရင်ဆုံး ပြန်နှင့်လိုက်နော်။ ချန်းရှီလေးကို ငါပြန်ခေါ်လာခဲ့မယ်။ ဒါနဲ့ ဟုန်ယွင် နဲ့ တစ်ခြားသူ တွေ အတွက် ငါးအသားလုံး ပို့ပေး ခဲ့ရမှာ ဟုတ်တယ် မလား?''

ချီဟန်က တုံရဲ့ ခါးပေါ်ကို လက်တင်ပြီးတော့ နှစ်ယောက်သား ပူးကပ်စွာ ပွေ့လိုက်လေတယ်။ သူတို့ အိမ်က သားပေါက်လေးက ဟုန်ယွင်ဆီမှာ ထားခဲ့တာကို သူသတိရနေဆဲပဲပေါ့!

'' စိတ်မပူပါနဲ့။ သူတို့ရဲ့ ဝေစုကို သူတို့ ရပြီးပါပြီ။ ကိုယ်သွားမပို့ခင်မှာပဲ လျန် က သူတို့အတွက် လာယူပေးပြီးသွားပြီ။ ကိုယ်မင်းကို အရင်အိမ်ပြန် ပို့ပေးမယ်။ ပြီးမှ ကိုယ် ချန်ရှီးလေးကို သွားခေါ်လိုက်မယ်။ ညအချိန်မှာ လမ်းတွေ သွားရတာ က အဆင်ပြေမှာ မဟုတ်ဘူး။ ပြီးတော့ မင်းရဲ့ မျက်လုံးက ရှင်းရှင်းလင်းလင်း မမြင်ရဘူးလေ''

တုံက ချီဟန်ရဲ့ အခု တုံ့ပြန်မှု လေး အတွက် အရမ်းကို ကျေနပ်နေခဲ့တယ်။ ည အိပ်ချိန် ရောက်တိုင်း မှာ ချီဟန်က သူတို့ နှစ်ယောက် ကြားထဲ ကလေးလေး ချန်ရှီးကို ထားပြီး အကွာအဝေး တစ်ခု ခြားပြီး အိပ်လေတယ်။ ဒီလို ကိစ္စမျိုး က လုံးဝကို လက်ခံ ပေးနိုင်စရာ အကြောင်း မရှိဘူးလေ။  ဒါကြောင့် သူ့ရဲ့ ညအိပ်ယာဝင်ချိန် မိန်းမအနား ကပ်ရရေးအတွက် အစွမ်းကုန် တိုက်ပွဲ ဝင်ရမှာပဲ ဖြစ်လေတယ်။

'' ကောင်းပြီလေ။ မင်း သွားပြီး ခေါ်လိုက်ပါ။ ပြီးတော့ သူတို့အတွက် ဝေစုကို ပိုပြီးပေးလိုက်နော်။ အဲ့မှာ အဒေါ်ချီရှီး လည်း ရှိနေသေးတာ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!حيث تعيش القصص. اكتشف الآن