အပိုင်း (39)

2.1K 349 2
                                    

(39)

'' မင်းဗိုက်ဆာ နေပြီလား ။ ငါအပြင်ကို သွားပြီးတော့ မင်းစားဖို့ တစ်ခုခု ပြင်ဆင်ပေး ရမလား''

ပင်း က ဂရုတစိုက်နဲ့ မေးလိုက်တယ်။

'' အမ်း ''

'' မင်း အခုချိန်က စပြီးတော့ အနွေးကုတင် ပေါ်မှာပဲ အိပ်ရမယ်။ ပြီးတော့ ပြုတ်ထားတဲ့ အသားကို ပဲ စားရမယ်။အဲ့တာ က အစာကြေ လွယ်တယ်လေ''

'' အမ်း ''

သားရဲလူသားငယ်လေး က တိတ်တိတ်လေးပဲ လဲလှောင်း နေပြီးတော့ ' အမ်း ' က လွဲလို့ ကျန်တာတွေ ပြောမလာပေ။ ပင်းကလည်း အပြင်ဘက်ကို တဖြေးဖြေးနဲ့ လျောက်သွားတဲ့ အချိန်မှာတော့ သားရဲငယ်လေးက မျက်လုံး ဖွင့်လာတယ်။ သူက ပင်းထွက် သွားတဲ့ နေရာကို နက်နက်ရှိုင်းရှိုင်း ကြီးကို စိုက်ကြည့်နေခဲ့လေတယ်။

'' မင်းဆိုလိုတာက အဖြူရောင် ကျား မျိုးနွယ်ရဲ့ ခေါင်းဆောင်က ကောင်းကင်မြွေ မျိုးနွယ်ထဲက လူပေါ့လေ''

'' ဟုတ်တယ်။ ''

ကောင်းကင်မြွေ မျိုးနွယ်?

ချီဟန်က သားရဲလူသား ကမ္ဘာမှာ နေလာတာ တစ်နှစ် ရှိနေပြီ ဖြစ်ပေမယ့် ထိုအကြောင်းကိုတော့ တစ်ခါမှ မကြားခဲ့ဘူးပေ။

ချီဟန်က တံခါးကိုဖွင့်ကာ အထဲကိုလျောက် ဝင်သွားလိုက်လေတော့တယ်။

တုံ က စကားပြောတဲ့ နေရာမှာ အာရုံအရမ်းစိုက်ထား မိတာကြောင့် အပြင်က ခြေသံတွေကို မကြားခဲ့ပါပေ။ ချီဟန်လည်း တံခါးကို ဖွင့်လိုက်ရော သူက ချီဟန်ဆီကိုလာကာ အထဲကို အမြန်ဆွဲသွင်းလိုက်လေတယ်။

'' ယောင် ၊ ယောင် ၊ ချီဟန်ကို ထပ်ပြီးတော့ ပြောပြလိုက်လေ။ ငါတို့ရဲ့ ခွင့်ပြုချက် မရှိပဲ ချီယန် မျိုးနွယ်မှာ ဘာကြောင့် အိမ်တစ်လုံး ဆောက်ရတာလဲ ဆိုတာကို ချီဟန် သိအောင် မြန်မြန်လေး ပြောပြလိုက် ''

တုံကို ကြည့်ရတာ အရမ်းကို ပျော်ရွှင်နေဟန်ပဲ။ ဘာမကောင်းတဲ့ ကိစ္စတွေပဲ ဖြစ်သွားပါစေ သူက ယောင်ကို အယုံကြည်ဆုံး သူငယ်ချင်း ဖြစ်နေဆဲပါပဲ။ သူ့ရဲ့ အရည်အချင်းမှာ လုံးဝ ပြဿနာ မရှိပေ။ သူလုပ်ခဲ့ရတာ က လူတိုင်းနဲ့ မျိုးနွယ်စုကို ကယ်တင် နိုင်ဖို့ အတွက်ပဲလေ။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now