အပိုင်း (8)

3.3K 504 32
                                    

(8)
နှစ်ယောက်သား လက်တွေ အတူတူတွဲထား ပြီးတော့ ပြောစရာ စကားမဲ့နေကြတယ်။ တစ်ခါတစ်လေ အချင်းချင်း အကြည့်ချင်း ဆုံရင် ရှက်ပြီး နှစ်ယောက်လုံး မျက်လုံးလွဲ သွားကြလေတယ်။

သူတို့ တဲကို ပြန်ရောက်တဲ့ အချိန်မှာတော့ ညနေခင်းတောင် စောင်း  နေပြီပဲ ဖြစ်လေတယ်။ တုံ က ကျန်နေသေးတဲ့ အသားကင်ကို ထပ်ကင်ကာ အပိုင်းပိုင်းလေးတွေ ဖြဲ ပြီးတော့ ချီဟန် စားဖို့ပေးလိုက်လေတယ်။ ပြီးတော့ မနက်ခင်းကလည်း နည်းနည်းပဲ စားလေတယ်။ သူက အလုပ်တွေ အရမ်းလုပ် ခဲ့ရတာကြောင့် ကိုယ်လေးချိန် တွေတောင် ကျသွားသလိုပဲ ။

သူ့ရဲ့ မိတ်လေးက အရမ်းကို ပိန်ပါးလွန်းတယ်လို့ တုံ ခံစားမိလေတယ်။

ဒါပေမယ့် ရုတ်တရက် သိုလှောင်ရုံ မတူးရသေး ဘူးဆိုတာကို သတိရသွားတော့ တဲဘေးက နေရာကိုရွေးကာ သားရဲပုံကို ပြောင်းပြီးတော့ အမြန် ခက်ခက်ခဲခဲ တူးလိုက်လေတယ်။

ချီဟန်ကတော့ ရက်၂၀ လောက် နေ့လည်စာ မစားရတော့ ကျင့်သား ရနေပြီပဲ ဖြစ်လေတယ်။ ဒါပေါ့ တစ်ခုခု စားလိုက်ရတော့လည်း ပိုကောင်းတာပေါ့။ ဒါပေမယ့် တုံ က မနက်ကတည်းက အစာမှ မစားရသေးတာလေ။ ဒါကြောင့် သူက တုံ နောက်ကို လိုက်ပြီး တဲထဲက ထွက်လာတော့ ကြီးမားတဲ့ ကျားသစ် ကြီးကို တွေ့လိုက်ရတယ်။ မြေကြီးကို တူးစွနေတာက သိုလှောင်ရုံ တွင်းတူး နေတာနဲ့ တူလေတယ်။

သူက တွင်းတူးနေတယ် ဆိုမှတော့ သူ့ကိုစောင့်တဲ့ အနေနဲ့ ချီဟန်က ဟုန်ယွင်ရဲ့ ယာယီတဲ မှာ လွန်ခဲ့တဲ့ ရက်တွေက သူရိတ်သိမ်းထားတာ တွေကို သွားယူဖို့ လုပ်လိုက်တယ်။ ပြီးတော့ ရုတ်တရက်ပဲ ပြီးခါနီးနေပြီ ဖြစ်တဲ့  သိုလှောင် ခန်းတွင်းကြီးကို ကြည့်လိုက်မိကာ ထို သိုလှောင်တွင်း ထဲကိုလည်း အများကြီး  အပြည့်  ဖြည့်နိုင်လိမ့်မယ်လို့ တွေးမိလေတယ်။

ဟုတ်တယ်မလား?

ကျားသစ် လူသားရဲ့ အရှိန်က အရမ်းကို မြန်တယ်။ ပြီးတော့ ချီဟန်ကလည်း ဒီတွင်းထဲကို မဆင်းလာ နိုင်သေး ဘူးဆိုတာလည်း တုံ သိလေတယ်။ ဒါကြောင့် သူက သူ့မိတ်လေး မဆင်းနိုင်မှာ ကြောက်မိတာကြောင့် အောက်ခြေအထိ ဆင်းနိုင်စေဖို့ မြေနံရံပေါ်မှာ လှေကားထစ်လိုမျိုးလေးတွေ အထူးသီးသန့်လုပ်ပေး နေတာ ပြီးလု နီးပါး ဖြစ်လေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now