အပိုင်း (44. 1)

1.3K 216 0
                                    

(44. 1)

အရာဝတ္ထုတွေကို ပြု လုပ်ခိုင်းတဲ့အခါ စွမ်းအား က  အရမ်းကို ထိရောက်မှု ရှိ လေတယ်။  လေးနဲ့ မြား က ကျောက်ဖူး လှံတံ ထက်ကို ပိုပြီးတော့ ရှုပ်ထွေးပြီးတော့ သူက ထိုဟာကို အပြီးသတ်ဖို့ ၂ညတောင် အသုံးပြုခဲ့ရတယ်။

လေးနဲ့ မြားရဲ့ ပြေးနှုန်းက ကျောက်ဖူးလှံတံ ထက် ပိုပြီးတော့ များလေတယ်။ပြီးတော့ သားကောင်ကို ထိခိုက်မှု ဖြစ်စေ တာကတော့ ကျောက်ဖူး လှံတံ လောက် အားမကောင်းပေ။ 

သားရဲ လူသားထီးတွေက သန်မာတဲ့ လက်မောင်း တွေနဲ့ ကြီးမားတဲ့ လက်ဝါး တွေက ကျောက်ဖူးလှံတံ ကို ကိုင်ရတာ ပိုပြီးတော့ သက်တောင့် သက်သာ ရှိလေတယ်။ လူအများစု က သိသိသာသာကိုပဲ ကျောက်ဖူးလှံတံ ကို ပိုပြီး နှစ်သက် ကြလေတယ်။

ပင်း ကတော့ လေးနဲ့ မြားကို ပိုပြီး နှစ်သက် လေတယ်။ လီ က လေး  ၅ခု လုပ်ထား ပြီးတော့ ထိုဟာတွေ ထဲက တစ်ခုကို ပင်း ကို ပေးခဲ့လေတယ်။ ဂူထဲက သားရဲလူသား ထီးတွေကို ဂရုစိုက်ပေးရတဲ့ အချိန်မှ လွဲလို့ သူက အမြဲတမ်း လေးနဲ့ မြားကို လေ့ကျင့်နေခဲ့တယ်။

ချီဟန်က ကျန်တဲ့ လေးတွေကို လန် ၊ ကျဲ နဲ့ တုံ ကို အတင်း အဓမ္မ ပေးလိုက်ကာ နောက်ဆုံး တစ်ခုကိုတော့ သူသုံးဖို့ အတွက် သိမ်းထား ခဲ့လေတယ်။ လန် က လေထဲမှာ ပျံသန်း နိုင်တာ ကြောင့် လေးနဲ့ မြားက သူ့လက်ထဲမှာ ဆို ပိုလို့တောင် အားကြီး သွားလေတယ်။

ကျဲ ရဲ့ ပုံစံက သေးကွေးတာကြောင့် သူက လက်နက် အရှည်ကြီး တွေနဲ့ မကိုက်ညီပေ။ သူက ဒီလို လက်နက်နဲ့ က ပိုပြီးတော့ သင့်တော်လေတယ်။ တုံ တစ်ယောက်ထဲ ကသာ ချီဟန်ရဲ့ အနိုင်ကျင့်ပြီး လေးနဲ့ မြား ပေးခြင်း ခံရတဲ့ တစ်ယောက်ထဲ သော သူပင် ဖြစ်တယ်။

သူ့ကို နေ့တိုင်း မြားပစ် လေ့ကျင့်ဖို့ ကြီးကြပ်ပေး ခဲ့တယ်။ ခေါင်းဆောင် တစ်ယောက် အနေနဲ့ သူက အရာရာတိုင်းမှာ ဦးဆောင် နိုင်မှ ဖြစ်မှာလေ။

နောက်ထပ် ခြေတစ်လှမ်း ကတော့ ဂူထဲမှာ ထားထားတဲ့ သားရဲလူသား တွေက သူတို့ရဲ့ အသိစိတ် ပြန်လည် လာပြီလား ဆိုတာ ကို သိအောင် လုပ်ဖို့ ပဲ ဖြစ်လေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now