အပိုင်း (57. 1)

600 96 0
                                    

(57. 1)

'' ပင်လယ်လူသား တွေက အရပ်ရှည်ပြီးတော့ လှလည်း လှပကြတယ်။ အထီး ပဲ ဖြစ်စေ အမ ပဲ ဖြစ်စေပေါ့။ ပြီးတော့ သူတို့ရဲ့ အမြင် တွေကလည်း မြင့်ကြတယ်။ တကယ်လို့ သူတို့က မင်းကို သူတို့ရဲ့ မိတ်ဖက် အဖြစ် ရွေးလိုက်ပြီ ဆိုရင်တော့ မင်းက အရမ်း ကံကောင်းတာပဲ။ ''

ကျင်းက သူ့ဘေး နားမှာ ရပ်နေတဲ့ ယုတ ရဲ့ စကားတွေကို ကြားလိုက်ရတဲ့ အခါမှာတော့ သူက မျက်လုံးတွေ ကြုံ့ကာ မို ကို မပြတ်မသား ကြည့်ကာ ပြောလိုက်လေတယ်။

'' အထီးရော အမရော ကလေးမွေးနိုင်တာလား? ''

ချီဟန် ကအဲ့ အကြောင်းအရာ တစ်ခု တည်း ပေါ်မှာပဲ စိတ်ဝင်စားမှု ရှိနေလေတယ်။

''ဟုတ်တယ်။ သူတို့က လိင် နှစ်မျိူး ပြောင်းလဲ လို့ ရတဲ့သူတွေလေ။ သူတို့က ရွေးချယ်လိုက်တဲ့ တွဲဖက်က အထီးလား အမလား ဆိုတာ ကို ကြည့်ပြီးတော့မှ သူတို့ လိင်မှု ကိစ္စကို ပြောင်းလဲ တက်တာ။ ပင်လယ်လူသားတွေရဲ့ ဒဏ္ဏာရီလာ လူက ငါးမြှီးနဲ့ တောင်ပံပါတဲ့ ပင်လယ်လူသားပဲ။ ဒါပေမယ့် တကယ့်လက်တွေ့ မှာတော့ သူတို့က တောင်ပံ ရှိတဲ့ မျိူးစိတ် မဲ့တဲ့ မျိူးရိုးပဲလေ။ ဒါကြောင့် သူတို့က ပျံသန်း နိုင်တဲ့ မျိုးနွယ်စုကို ပိုပြီး နှစ်သက် ကြတယ်လေ။ မိုက ကမ်းခြေကို ရောက်သွားတဲ့ အခါမှာတော့ သူငယ်ချင်း တွေအတွက် လုပ်ထားတဲ့ သူ့ရဲ့ မျက်နှာသုတ်ပုဝါ ကို လက်ခံ လိုက် တယ် မဟုတ်လား? ''

'' ငါ ၊ ငါ ၊ ငါ က ယုတ ဘာကို ပြောချင်တာလဲ နားမလည်ဘူး။ ဒါပေမယ့် ငါသူ့ကို ကတိပေးတဲ့ အချိန်တုံး က ငါမှ အဲ့လို မရည်ရွယ်ခဲ့တာ.......  ''

မို က ပင်လယ်လူသား ကို ကြည့်ကာ သူ့ဘေးဘက် က သားရဲလူသားတွေ ကို  ဝေ့ကြည့်ကာ သူ့ရဲ့ လက်တွေကို ထပ်ကာ ထပ်ကာ ဝှေ့ယမ်း နေခဲ့လေတယ်။

'' အဲ့တာ တွေ ဟိုဟာတွေ လာလုပ်မနေနဲ့။ မင်းက ကမ်းခြေ ဆီကို သွားခဲ့ ပေမယ့် ဘာမှ ပြန်မယူလာခဲ့ ဘူးလေ။ မင်းက ပင်လယ်လူသား ကိုပဲ ခေါ်လာခဲ့တာလေ။ မျိူးနွယ်စု က လူတွေ က နားလည်မှု လွဲ မယ်ဆိုတာ ကို မင်း မစဥ်းစား ခဲ့ဘူးလား ။ ဒါ့အပြင် မသွားခင် ကတည်း က ကျင်း က မင်းကို သတိမပေးခဲ့ဘူးလား။ တစ်ခြားသူတွေရဲ့ တောင်းဆိုမှု ကို လွယ်ကူစွာ ကတိမပေးခဲ့ ရဘူးလို့ အပြောခဲ့ဘူးလား။ အဲ့လိုမှ မဟုတ်ရင် မင်းဘာသာ ခံစားရမယ်တဲ့ လေ။ အခုတော့ မင်းက ဘယ်လို ဖြေရှင်းချင်နေ သေးတာလဲ? ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now