အပိုင်း (16)

3.1K 531 6
                                    

(16)

'' တုံ ငါတို့ မျိုးနွယ်စု ထဲကနေ ထွက်သွား ကြရအောင်ပါ။ ပြီးတော့ ကောင်းမွန်တဲ့ နေရာတစ်ခု ရှာပြီးတော့ ငါတို့ မျိုးနွယ်စု အသစ် တည်ထောင် ကြမယ်လေ။ ''

ချီဟန်က တုံဘေး မှာ ထိုင်ပြီး ကြည့်ကာ ပြောလိုက်တယ်။ တုံ က မျိုးနွယ်စု ထဲကနေ ထွက်သွားဖို့ စိတ်ကူးမျိုး မရှိခဲ့ပေ။ ချီဟန်က သူ့အတွက် အရမ်းစိတ်ပူပြီး ကြောက်လန့်နေတာ ကို တုံ တွေ့လိုက်ရတော့ ခေါင်းဆောင် ရဲ့ စိတ်သဘောထားနဲ့ စုန့်ရဲ့ မျိုးနွယ်စုသားချင်း မစာနာပဲ ဖောက်ပြားမှု တွေကို ပြန်သတိ ရသွားလေတယ်။ ဒါကြောင့် သူ မထိန်းနိုင်ပဲ သူ့နှလုံးသားလေးက အနည်းငယ် အေးစက် သွားခဲ့လေတယ်။

'' တုံ။ မျိုးနွယ်စု စုန်းမနဲ့ ခေါင်းဆောင်က မင်းကို အသက်ဆက် မရှင်စေချင်တော့ဘူး။ သူတို့က မင်းကို နာကျင်စေမယ့် နည်းလမ်းတွေ အခွင့်အရေး တွေ ရှာကြတော့မှာ။ ငါတို့ဘာသာ မျိုးနွယ်စု တည်ထောင်ဖို့ နေရာတစ်ခုကို ပဲ ရှာကြ ရအောင်ပါ။ ငါ ဟုန်ယွင် ပြောတာ ကို ကြားခဲ့ဘူးတယ်။ မင်းအဖေ အရင်ခေါင်းဆောင် ဆုံးပါးပြီးတဲ့နောက် မင်းက အရွယ်ရောက်ရင် မင်းက ခေါင်းဆောင် ဖြစ်လာမှာတဲ့လေ။ ခေါင်းဆောင်က မင်းကို အရွယ်ရောက် တဲ့ အချိန်ထိ မရောက်စေချင်လို့ လွန်ခဲ့တဲ့ ဆောင်းတွင်းမှာ မင်းရဲ့ အစာတွေကို ထိန်းချုပ်ထား ခဲ့တာပေါ့။ တကယ်လို့ မင်းသာ အရွယ်ရောက် လာရင် သူက မင်းကို ခေါင်းဆောင်နေရာ လွဲပေးမှာ မဟုတ်ဘူး။ ငါ့မှာ သားတစ်ယောက် ရှိနေတယ် ဆိုရင်လည်း ငါသာဆို မင်းကို ခေါင်းဆောင် နေရာ ပေးမှာ မဟုတ်ဘူး။ ''

တုံ က တုံ့ဆိုင်းနေတာ ကိုတွေ့တော့ ချီဟန်က ထပ်ပြီးတော့ သူ့ကို ဖြောင်းဖျ လေတယ်။ သားရဲ လူသား အများစုက ရိုးသား ကြပေမယ့် သူတို့တွေက တုံးနေ ကြတာတော့ မဟုတ်ခဲ့ပေ။

ခေါင်းဆောင်က တုံရဲ တည်ရှိမှု အားနည်းသွားအောင် လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက ကြံစည်ခဲ့တယ်။ ပြီးတော့ ဆောင်းတွင်း ၂ခု လုံးမှာလည်း ဆာလောင်မှု ကြောင့် သေလုနီးပါးပဲ။ သူ့ရဲ့ အမေနဲ့ အဖေ မရှိတော့ ကတည်းက သူ့မှာ ကောင်းမွန်တဲ့ ဘဝကို မရခဲ့ပေ။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now