အပိုင်း (41.2)

1.7K 258 0
                                    

(41.2)

သူက အမဲမလိုက်နိုင်တော့ ပေမယ့် နာခံစွာနဲ့ပဲ ဂျိုရှည်သားရဲ အုပ်တစ်ခုကို ရှာကာ ထိုထဲမှ ဂျုရှည်သားရဲပေါက်လေးကို ချိန်ရွယ်လိုက်တော့တယ်။ သူက ချိန်ရွယ်ပြီးတာနဲ့ လွဲ ပစ်လိုက်တော့တယ်။

အဲ့တာက သူ့ရဲ့ လက်ထဲ ကနေ လွင့်ထွက် သွားတဲ့ အချိန်မှာတော့ ထိန်းချုပ်ရတာက အတော်ခက်ခဲ ပြီးတော့ မအောင်မြင်ခဲ့ပေ။ ဂျိုရှည်ပေါက်လေးက ထိုဟာရဲ့ အပေါ်ကနေ ခုန်သွကာ ဒီနေရာနဲ့ ဝေးတဲ့ နေရာဆီကို တိုက်ရိုက်ပဲ ပြေးသွားလေတော့တယ်။

လီ က အတော်လေး ကို ကြောင်အ သွားလေတယ်။ ထိုပစ္စည်းက အတော်လေး ဝေးတဲ့ နေရာဆီကို လွတ်ထွက်သွား တယ်လေ။ သူက ဒီလောက်ထိ အားတွေ မသုံးထားပါဘူးနော်!

ထို ဂျိုရှည်အုပ်ကလည်း ကြောက်လန့်ပြီးတော့ ထွက်ပြေးသွားတဲ့ အခါ လီက ထိုနေရာကို လျောက်လာပြီးတော့ မြေပြင်မှာ ကျနေတဲ့ ထို ပစ္စည်းကို ကောက်ယူလိုက်တယ်။ သူက ထိုဟာကို အပေါ်ကနေ အောက်အထိ ​ထပ်ပြီးတော့ ကြည့်လိုက်လေတယ်။ မျိုးနွယ်စု စုန်းမ က ဒါကို လက်နက် တစ်ခု လို့ ပြောတာ သေချာမှတ်မိ နေသေးပါတယ်။

လီက လက်နက်တွေ ရဲ့ အကျိူးကျေးဇူး ကို သိတဲ့ လူပဲ ဖြစ်လေတယ်။ သူက အဲ့တာကို ပစ်ထုတ်လိုက်တဲ့ အခါ က အဝေးကို ရောက်အောင် အားတွေ အများကြီး သုံးရလေတယ်။ ဒါပေမယ့် ကျောက်တုံးချည်းပဲ ပစ်ရတာ ထက်တော့ ပိုပြီး ဝေးဝေးရောက်လေတယ်။ လီ က ကမ္ဘာ သစ်မှ တံခါး တစ်ချပ်ကို ဖွင့်ပေးလိုက် သလိုမျိုး ဖြစ်သွားကာ သူက အကြိမ်ကြိမ် လွဲပြီး ပစ် နေခဲ့လေတယ်။

တကယ်လို့ သူက ဒါကိုသာ ကောင်းကောင်း သုံးနိုင်တာ သေချာသွားပြီဆိုရင် သူက ဂျိုရှည်သားရဲတွေကိုတောင် အမဲလိုက် နိုင်တော့မယ် ဆိုတာ သိနေခဲ့တယ်။

လီ က အရမ်းကို စိတ်လှုပ်ရှား သွားလေတယ်။ သူက ကျယ်ဝန်းတဲ့ နေရာ တစ်ခုကို ရှာပြီးတော့ အတွေ့အကြုံတစ်ချို့ ရအောင် လက်တွေ့ စမ်းသပ် ကြည့်နေခဲ့တယ်။

သူက ထိုလက်နက်ရဲ့ အဝေးဆုံးရောက်နိုင်စွမ်း ကိုတောင် ဖမ်းဆုပ် နိုင်ခဲ့တယ်။ သူက အမျိုးမျိုးသော အားတွေသုံးကာ လက်နက်ကို ပစ်ထုတ် ကြည့်လေတယ်။ အဲ့တာက ဘယ်လောက်တောင် ဝေးဝေးသွားသလဲ ဆိုတာ စမ်းကြည့်ခဲ့တယ်။ ပြီးတော့ ထောင့်အမျိုးမျိုး ကနေ ပစ်ခတ် ကြည့်မိတယ်။ ဘယ်လိုပစ်ရင် ပိုပြီး မြင့်မြင့် ရောက်မလဲ။ စမ်းသပ်နေရင်းနဲ့ မသိလိုက်ပါပဲ ကောင်းကင်ကြီး က လုံးဝကို မဲမှောင် သွားတော့တယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now