အပိုင်း (26)

2.7K 451 6
                                    

(26)

အလျင်အမြန် သဘောတူညီမှုရယူ ပြီးသွားချိန်မှာတော့ တုံနဲ့ ချီဟန်တို့က အခုမှ မျိုးနွယ်စု ထဲကို အသစ်ဝင်လာမယ့် သူတွေ အတွက်နေရာထိုင်ခင်း တွေကို စီစဥ်ပေးရလေတယ်။

အသစ်နေထိုင်သူ လင်းယုန်သားရဲ မျိူးနွယ်စုမှာ စုံတွဲ ငါးတွဲ၊ သားရဲထီးပျို ၃ ကောင်နဲ့ သားရဲတစ်ဝက်လေး တစ်ယောက် တို့ပါလေတယ်။ သားရဲတစ်ဝက်လေးက သူတို့မျိုးနွယ်ရဲ့ စုံတွဲတစ်တွဲစီ အိမ်တစ်လုံး ရတာကို မြင်လိုက် ရတဲ့ အချိန်မှာ သူက ချက်ချင်းပဲ သားရဲထီးလူပျို သုံးယောက်ထဲက တစ်ယောက်ကို ပန်းခွေလေး ကို နေရာမှာတင် ကမ်းပေးလိုက်တယ်။ ထိုသားရဲပျိုခမျာလေး ခမျာ သောက်ရမ်းပျော်သွားကာ  အရမ်းကို အံ့သြ သွားပေမယ့် ချက်ချင်းပဲ လက်ခံ ပစ်လိုက်တော့တယ်။

( မူပါအုံးဟ 🤣)

ရလဒ် အနေနဲ့ ကတော့ လင်းယုန်မျိူးနွယ်က လူတွေက အိမ် ၇ အိမ် ရရှိခဲ့လေတယ်။ သူတို့က အနာဂတ်မှာ ထွက်သွားမှာ ​သေချာတဲ့ အတွက်ကြောင့် ချီဟန်က သူတို့ကို မျိုးနွယ်စု ရဲ့ အစွန်နားက အိမ်တွေမှာ နေရာချပေးခဲ့တယ်လေ။

အမမျိုးနွယ်စုက လာတဲ့ အတွဲဆယ်တွဲကိုတော့ အိမ်တစ်အိမ်စီ ခြားပြီး စီစဥ်ပေး ခဲ့တယ်။ အနာဂတ််မှာ မျိုးနွယ်စု ထဲက လူတွေနဲ့ ပိုပြီး ထိတွေ့မှု ရှိလာစေဖို့ ရည်ရွယ်ထားတာ ပဲ ဖြစ်လေတယ်။ ပင်း ( ရေခဲ)နဲ့ သူ့အမျိုး သမီးကတော့ ချီဟန်တို့ရဲ့ ဘေးအိမ်မှာ နေခွင့် ရခဲ့လေတယ်။

အမမျိုးနွယ်က အန်တီကြီး  ၂ ယောက်ကိုလည်း အိမ်သပ်သပ် တစ်လုံး ထားပေးခဲ့လေတယ်။

အိမ်ပေါင်း လေးဆယ်ကျော် ရှိရာကနေ မျက်တောင် တစ်ခက် အတွင်းမှာပဲ အိမ်၁၉ လုံးက ပြည့်သွားပြီးတော့ အိမ်၂ လုံးက ချန် နဲ့ ယောင်တို့ဟာ သူတို့ မိဘတွေကို ခေါ်ဖို့အတွက် သီးသန့် ဖယ်ခိုင်း ထားကြလေတယ်။ ဒါတောင်မှ အိမ်အလွတ်က ၂၀ ကျော် ကျန်နေပါသေးတယ်။

ချီဟန်က ထိုအိမ်တွေကို ရွံ့စေး မျိုးနွယ်စု အတွက် ချန်ထားတယ်လို့ပဲ စိတ်ထဲတွေးထားခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ အိုးလုပ်တဲ့ မျိုးနွယ်က သူတွေ အမှာစာတွေ အကုန်လုပ်ပြီးတာနဲ့ ရိတ်သိမ်း ရာသီက ပြီးသွားပြီးတော့ ဆောင်းရာသီ စတော့မှာပဲ ဖြစ်လေတယ်။ ဒါကြောင့် သူတို့တွေကို ဒီနေရာမှာ ခေါ်ထားနိုင်မယ် ဆိုတာကို ချီဟန်အတွက် ယုံကြည်မှု ရှိလေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now