အပိုင်း ( 19)

2.9K 481 8
                                    

(19)

ရွှမ် က သားရဲ အမ တစ်ယောက်ပါ။ အနီးအနား က မျိုးနွယ်စု တွေထဲက သားရဲ အမတွေက ဘာမှ မလုပ်ရပေမယ့် သူတို့လို သားရဲအမ မျိုးနွယ်ထဲက သူတွေ ကတော့ အဲ့လို မဟုတ်ခဲ့ပါပေ။

သူမတို့ မျိုးနွယ်မှာဆိုရင် အမဲမလိုက်ရရုံ တမယ် သူမတို့ လုပ်နိုင်သမျှတွေကို လုပ်ရလေတယ်။

ထူးဆန်းစွာနဲ့ ပြောရရင် သူမတို့ သားရဲအမ မျိုးနွယ်က မွေးတဲ့ သားပေါက် တိုင်းဟာ အမတွေ ပဲ ဖြစ်လေ့ ရှိတယ်။ ဆောင်းရာသီ က ခက်ခဲ ကြမ်းတမ်း ရှည်လျားတာ ကြောင့် သားရဲအမတွေ ခမျာ အသက်ရှင်သန် ရဖို့ အတော်လေး ကို မလွယ်ကူ ပါချေ။ ဒါကြောင့်လဲ အမ မျိုးနွယ် စုတွေက အချိန်အကြာကြီး မရှည်သလို အရည်အတွက် ကလည်း နည်းပါးပါတယ်။

ခေါင်းဆောင် အမ တွေ တစ်ဆင့်ပြီး တစ်ဆင့် မျိုးရိုးလိုက် ပြောင်း သွားကြပြီးတော့ နိမ့်ကျလာလေတယ်။  မျိုးနွယ်စု ထဲက အမတွေ ကလည်း အပြင်က သားရဲ ထီး စစ်သည်တော် တွေကို ဆွဲဆောင် ရတာ အသားကျလို့ နေခဲ့ပါပြီ။

ဒါပေမယ့် သားရဲ အမမျိုးနွယ်က အပြင်လူတွေကို လက်ထပ်ခွင့် မပေးခဲ့ပေ။ ဘာလို့လဲ ဆိုတော့ သူမတို့က ကြောက်လန့်ကြလို့ပဲ ဖြစ်လေတယ်။ သူမတို့ မျိုးနွယ်စု ထဲကလူကို မိတ်ဖက်လုပ်ဖို့ လာကြတဲ့ သားရဲထီးတွေ မှန်သမျှ ကလည်း အကောင်းဆုံးနဲ့ အတော်ဆုံး လူတွေ ချည်းပဲ။ ဒီအတွက်ကြောင့်ပဲ အမ မျိုးနွယ်က အင်အားကြီးတဲ့ မျိုးနွယ်ထဲကို ပါဝင် ခဲ့လေတယ်။

ရွှမ်နဲ့ တစ်ခြား ပျိုဖော်ဝင်စ အမတွေဟာ ထိုနေရာမှာ စုဝေး ကြပြီးတော့ လျှော်ထည်တွေကို ရောင်းဖို့ လုပ်ခဲ့လေတယ်။ အမမျိုးနွယ်စုက လျော်ထည်တွေကို ထုတ်တယ်လေ။  ထိုပစ္စည်းတွေက သန်မာမှု မလုံလောက်တာကြောင့် လဲလှယ်ရမယ့် စျေးကလည်း မများပါဘူး။

ဒါပေမယ့် သားရေစတွေပဲ ဝတ်ထားတဲ့ သူတွေ ကြားထဲမှာ အမတစ်ယောက်က အဲ့လျှော်ထည်ကို ဝတ်ဆင်ထားရင် အတော်လေး မျက်လုံးကို ဖမ်းစား ထားနိုင်လေတယ်။

တကယ့် ရည်ရွယ်ချက် ကတော့ သန်မာတဲ့ သားရဲလူသားထီးကို ဆွဲဆောင်ပြီး သူမတို့ မျိုးနွယ်ကို ပြန်ခေါ်ကာ မိတ်ဖက် ကြဖို့ အစပျိုးနေကြတာ ပဲ ဖြစ်လေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now