အပိုင်း (38. 2)

1.8K 314 1
                                    

(38. 2)

ပင်းရဲ့ အမျိုးသမီး ဖြစ်တဲ့ ယန်မင်း က တကယ်ကို လှပတဲ့ အမျိုးသမီး ဖြစ်လေတယ်။ သူမရဲ့ မျက်လုံး ပုံစံက အပေါ်ကို သွယ်တက် သွားပြီးတော့ မျက်ဝန်းလေးတွေက ပြာလဲ့နေကာ ခရမ်းရောင်လေး အနည်းငယ် ရောနေခဲ့လေတယ်။

ထိုသားရဲငယ်လေးရဲ့ မျက်ဝန်းတွေက အတိအကျကို ယန်မင်းရဲ့ မျက်ဝန်းတွေကို ပုံတူ ကူးချထား သလိုပါပဲ။ အခုတော့ ပင်းရဲ့ ဖော်ပြချက်နဲ့ ပြောစကား တောင်းဆိုမှုကို နားထောင် ပြီးတဲ့နောက် တုံးအတဲ့ သားရဲလူသားဖြစ် နေရင်တောင်မှ သူ့ဆီမှာ တစ်ခုခု ရှိ​နေတယ်လို့ စိတ်ထဲမှာ ခန့်မှန်း မိကြပါတယ်။

'' ပင်းရဲ့ ဆေးပညာ က အရမ်းကို ကောင်းပါတယ်။ စိတ်မပူပါနဲ့။ သူက အဖျားကြီးနေတဲ့ လူနာတွေကိုတောင် ကောင်းကောင်း ကုသ နိုင်ပါတယ်။ သူ့ဆီကို အရင်ဆုံး ပို့ထား လိုက်ပါ။ ငါဆေးကြောပြီးတာနဲ့ လိုက်ခဲ့ပါမယ် ''

'' ကောင်းပါပြီ! ''

ယောင်က သားရဲလူသားငယ်လေး ကို ကျောပေါ်တင်ကာ ပင်းရဲ့ အနောက်ကို လိုက်သွားလေတယ်။ တံခါးနား ရောက်တဲ့ အခါမှာတော့ သူက တုံ ဘက်ကို စကားပြောချင် သလို ပြန်လှည့် ကြည့်လိုက်တယ်။ အချိန်အနည်းငယ် လောက် ကြာပြီးတာနဲ့ ယောင် က တုံ ဆီတစ်ဖန် ပြန်လှည့်ကာ ပြောလိုက် တော့တယ်။

'' တုံ ငါ့မှာ မင်းကို ပြောစရာ ရှိတယ် ''

'' ဟုတ်ပါပြီ။ သားရဲလူသားလေး ကို အရင်ဆုံး သွားပို့ပြီးမှ ပြန်လာခဲ့ပေါ့။ ငါက ချန်ရှီးလေး ကို အိမ်မှာ ထိန်းရင်းနဲ့ မင်းကို စောင့်နေမယ်။ ငါဘယ်မှ မသွားပါဘူး''

တုံ ကလည်း ယောင်ကို မေးစရာ ရှိနေတယ်။ ဘာလို့များ ယောင် က ချီယန် မျိုးနွယ်စုမှာ ရုတ်တရက်ကြီး အိမ်တစ်လုံး ဆောက်ဖို့ကို လုပ်ခဲ့သလဲ ဆိုတာကို တုံ က မေးလိုခဲ့တယ်။ ယောင်ရဲ့ အကျင့်စရိုက် အရဆိုရင် သူက အဲ့လိုတော့ တိုက်ရိုက်ကြီး ခိုးတာမျိုး လုပ်မှာ မဟုတ်ပေ။ တုံ က ယောင်ကို ယုံကြည်လေတယ်။ တစ်စုံတစ်ခု ဖြစ်သွားတာ ပဲ ဖြစ်ရမယ်။ သူ့ကို တစ်စုံတစ်ရာက ဖိအားပေး အကျပ်ကိုင်ခဲ့တာ ဖြစ်ရမယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now