အပိုင်း (47. 1)

1.5K 200 2
                                    

(47. 1)

'' ယန် ၊ မင်းက ဘာလို့ အဲ့မကောင်း ဆိုးဝါးကို ကူညီပေး နေရတာလဲ? အမျိုးသမီးတွေ အများကြီး ရလိုချင်လို့ပဲလား?''

ဒီကလေး ကလည်း ကြီးပြင်းလာတာကို ကျင်းကိုယ်တိုင် စောင့်ကြည့်ခဲ့ ရတဲ့ ကလေးပါပဲ။ သူကလေး ဘဝတုံး က ခွန်အားက သန်မာပေမယ့် ပေါင်းသင်းဆက်ဆံရေး မတက်ဘူး။ ပြီးတော့ နှိမ့်ချစွာ နေရတယ် ဆိုတာကိုလည်း နားမလည်ဘူး။ ဒါပေမယ့် သူက အမှားနဲ့ အမှန်တောင် ခွဲခြားမတက် တော့ဘူး ဆိုတာကတော့ မဟုတ်တော့ပေ။

တကယ်လို့ သူ့ကိုယ်သာ အခုလိုမျိုး ဖြစ်မနေရင် အဲ့ကလေး ပြောတဲ့ စကားတွေအတွက် သူက ချက်ချင်းပဲ ကျင်းက စကားနာပြန်ထိုး မှာပဲ ဖြစ်တယ်။ ဒါ့အပြင် ကျင်း က ထပြီးတောင်မှ ခုန်ရိုက် ပစ်လိုက်ချင်သေးတယ်။

အခုတော့ သူက လူနာ ဖြစ်နေတဲ့ အတွက်ကြောင့် ကျင်းခမျာ စိတ်ရှဘ်သည်းခံ ပြီးတော့ အကြောင်းပြချက်တွေ၊ ချစ်ခင်မေတ္တာတွေနဲ့ ထိုကလေးကို စိတ်ပြောင်းအောင် သာ လုပ်နိုင်တော့မှာ ပဲ ဖြစ်လေတယ်။

အဲ့ကလေးကို စိတ်ပြောင်းအောင် လုပ်နိုင်မလား ဆိုတာကိုတော့ စောင့် ကြည့်ကြတာပေါ့လေ။

'' အမျိုးသမီး တစ်ယောက်အတွက်က ဘာလဲ ၊ သခင်လုံ ပြောတာက ငါတို့က သူ့နောက်ကို လိုက်နေသရွေ့ ငါတို့က တိုက်ကွန်းခ် တိုက်ကြီးရဲ့ အရှင်သခင်တွေ ဖြစ်လာမှာပဲလေ။ အဲ့ကျရင် ငါတို့ဆီမှာ မိန်းမတွေ ဆိုတာ လိုချင်သလောက် ရပြီးတော့ အာဏာတွေလည်း အများကြီး ရလာမှာ။ ဟမ့် ဒီလိုမျိုးနွယ်ငယ်လေး တွေကို ကြည့်ပါအုံး။ အစွယ်ရှည် နှင်းဖြူကျားသားရဲတောင် မသတ်နိုင်ဘူး။ အကောင်းဆုံး ဆိုတာတွေကို ထုတ်လာပြီးတော့ ငါတို့ဆီ လာဆက်သ သင့်တာ! ''

'' မိန်းမ ဆိုတာဘာလဲ?မင်းက မိန်းမ ဆိုတာ ဘာလို့တွေးလဲ?  မင်းအမေက မိန်းမ မဟုတ်ဘူးလား?  မင်းရဲ့ အမကရော မိန်းမ မဟုတ်ဘူးလား?  မင်းက မင်းအမ ကိုအရမ်းပဲ တန်ဖိုးထားတာ မဟုတ်လား။ သူမ အခု ဘာလုပ်နေရသလဲ ဆိုတာကို မင်းသိရဲ့လား ''

'' ငါ့အမ က ကောင်းကောင်း ရှိနေတယ်။ သူမက လျှို့ဝှက် ဂူထဲမှာ အကာအကွယ် ခံနေရတယ်လေ ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now