အပိုင်း (27. 1)

2.3K 386 0
                                    

(27 .1)

ပင်း ထွက်သွားပြီးတဲ့နောက် ချီဟန်က အပြင်မှာ အချိန်ကြာကြီး ခေါင်းကိုက်စွာနဲ့ ရပ်နေခဲ့လေတယ်။ အမှန်တော့အရိုးနေရာပြောင်း မှု ဆိုတာက ရိုးရှင်းလွယ်ကူနေတဲ့ ကိစ္စ တစ်ခုတော့ မဟုတ်ခဲ့ပါချေ။ အဲ့တာက ခွဲစိတ်မှု တစ်ခုပဲလေ။

ကံကောင်းစွာနဲ့ပဲ ပင်းရဲ့ လွဲမှားနေတဲ့ အရိုးအပိုင်းက ခြေသလုံး မှာ ဖြစ်နေလို့ပေါ့။ ပေါင်မှာသာဆိုရင် စတင်ရတာ အရမ်းကို ခက်ခဲ သွားလိမ့်မယ်။

ခြေသလုံးရဲ့ အနောက်ဘက်က ကြွက်သားတွေ အများကြီးရှိလေတယ်။ ဒါကြောင့် လုံးဝ အနောက်ဘ​က် ကနေ ခွဲလို့မရဘူးပေါ့။ ဒါပေမယ့် အရှေ့ပိုင်းကနေ ဆိုရင်တော့ အသားနည်းလို့ အရိုးဓားနဲ့ ခွဲဖို့ ကြိုးစားကြည့် ပေးလို့ ရနိုင်ပါတယ်။

'' ပင်းက ဘာကိစ္စ ဖြစ်လို့တဲ့လဲ ''

တုံက တံခါးပိတ်လိုက်တဲ့ အသံကို ကြားခဲ့ရတယ်။ ချီဟန်က အထဲမဝင်လာခင်တောင် မှပဲ အပြင်ဘက်ကို တစ်ချက်ဝှေ့ကြည့်ခဲ့သေးတယ်။

'' သူက ကြာလှနေပြီ ဖြစ်တဲ့ အရိုးကျိုးမှုကို ကုသမှု ခံယူချင်နေတာလေ''

'' ထိုဟာကို ကုသဖို့ နည်းလမ်း ရှိလား?''

တုံက ထိုအကြောင်းကို ချီဟန်နဲ့ ပင်းတို့ တွေ့ဆုံပွဲမှာ ပြောခဲ့တာ ကြားခဲ့ဘူးလေတယ်။ တုံက ချီဟန် မလိမ်ဘူး ဆိုတာကို လုံးဝ ယုံကြည်ထား ပေမယ့် ထိုကိစ္စကဲ့သို့ ဆေးပညာပိုင်းဆိုင်ရာ က တော့ သူ့ရဲ့ အသိလေးနဲ့ မတက်နိုင်ပေ။ သူလည်း တက်နိုင်သမျှ စိတ်ကူးပုံဖော် ကြည့်ပေမယ့်လည်း ပုံမပေါ်ခဲ့ပေ။

'' တကယ်လို့ သူလုပ်ချင်ရင်တော့ ကြိုးစားကြည့်လို့ ရနိုင်ပါတယ်''

'' မနက်ဖြန်ကျရင် ဂျိုရှည်သားရဲ ရဲ့ ခြေထောက်တွေကို ငါ့ဆီ ယူလာခဲ့ပေး။ ငါ့လက်တွေကို လေ့ကျင့်ထားချင်လို့''

'' ကောင်းပြီ ၊ ကောင်းပြီ၊ နောက်ကျနေပြီပဲ။ စောစောလေး  နား ကြတာပေါ့''

ကလေးလေးနဲ့ အတူအိပ်တာ မလို့ နှစ်ယောက်သားက ဖိမိမှာကြောက်တဲ့ အတွက်ကြောင့် သူတို့ရဲ့ အနွေးကုတင် တစ်ဝက်ကို ပေးထားလေတယ်။ အတွင်းပိုင်းမှာ ကလေးငယ်ကို ထားပြီး ဂျိုရှည် သားရဲရဲ့ သားရေစနဲ့ အကန့်လေး ကန့်ထားပေးပြီး ချီဟန်တို့ ၂ ယောက်က တစ်ခြားဘက်မှာ ပူးကပ်ပြီး အိပ်ကြလေတယ်။ ဒါကြောင့်ပဲ တုံက ချီဟန်နဲ့ အဲ့လို အိပ်ရတာကြောင့် ညအချိန်ရောက်တိုင်း အမြဲတမ်း တွယ်ကပ်နေတာ ပဲ ဖြစ်လေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now