အပိုင်း ( 31.1)

2.4K 417 11
                                    

(31.1)

ကလေးလေးက ထွက်လာဖို့ ဒီလောက်တောင် မြန်လား!

ဟုန်ယွင်က နာကျင်မှု ကို သိပ်မပြပေမယ့်လို့ ခဏတာတော့ နာကျင်ခဲ့ရတာ ပဲလေ!

ဒါက ချီဟန် မျှော်လင့်ထား သလိုနဲ့ မတူလေဘူး။

ချီဟန် အမြန် သွားကြည့်လေတော့ အဒေါ်ချီရှီးက အရေကြည်ပါးလေး အုပ်ထားတဲ့ ဖက်ထုပ်လုံးလေးကို ဘေးနားမှာ ချ ထားလိုက်တာကို တွေ့ရတယ်။ ပြီးတော့ အဲ့ကလေးလေး က သားရဲ ပုံလေးကို ပြောင်းလဲ သွားလေတယ်။ ထိုကလေးလေးကို သုတ်ပေးပြီးတော့ ပါးစပ်ထဲကို ရောက်နေတဲ့ လက်လေးကို ဆွဲထုတ်ကာ နောက်ခြေကနေ ဇောက်ထိုးလေး ကိုင်ပြီးတော့ တင်ပါးလေးကို အနည်းငယ် ရိုက်လေတယ်။

ထိုကောင်လေးက စတင်ပြီးတော့ ကျယ်ကျယ်လောင်လောင် နဲ့ အော်ငိုနေခဲ့တယ်!

'' ဒီကိုလာခဲ့ လျန် မင်းရဲ့ သားပေါက်လေးကို လာရှင်းလင်းပေးလှည့် ''

''ဟေး ဒီနေရာမှာ လာခဲ့''

လျန်ကစိတ်လှုပ်ရှား စွာနဲ့ ဝံပုလွေ သားရဲပုံပြောင်း လိုက်ပြီးတော့ သူ့ရဲ ကိုယ်ပေါ်က သားရေစ ပြုတ်ကျ သွားတာကိုတောင် ဂရုမပြုမိပေ။ ပြီးတော့ အရှေ့ကို တိုးကာ ကလေးလေးကို ကိုက်ချီပြီး သားရေစပေါ်တင် ပြီးတော့ ချစ်ခင်စွာ လျက်ပေးတော့တယ်။

အန်တီကြီးတွေ ပြောတာကို ကြားဘူးပြီးသားပါ။ သားပေါက်လေးတွေ မွေးလာပြီ ဆိုရင် အဖေ ဖြစ်သူက သားရဲပြောင်းပြီး လျာနဲ့ လျက်ပေး ရမယ်တဲ့။
အဲ့ အချိန်တုံးကဆို ချီဟန်က ထိုအချင်းအရာ ဟာ အနည်းငယ် မသတီ စရာ ကောင်းတယ်လို့ ထင်မိတယ်။ ဒါပေမယ့် အခုကျတော့ သူ့မျက်စိ ရှေ့တင် ကလေးသေးသေးလေး က မွေးဖွားလာခဲ့တယ်။

အခုတော့ ချီဟန်ရဲ့ နှလုံးသားလေး လှုပ်ရှား သွားလေပြီ။ ဒါလေးက ဘဝ အသစ်လေး တစ်ခု စတင်ခြင်းပဲ!

သားပေါက်လေးတွေက သေးငယ်တာ ဖြစ်လို့ သူတို့လေး တွေကိုမွေး ရဖို့ အရမ်းမခက်ခဲပေ။ ဟုန်ယွင်က ပထမဆုံး ကလေးလေး ကို မွေးဘူးတဲ့ အတွေ့ အကြုံရှိသွားတော့ ဒုတိယ ကလေးနဲ့ တတိယ ကလေးတို့ကို ပါ ချောမွေ့စွာ မွေးထုတ် နိုင်ခဲ့တယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now