အပိုင်း (56. 2)

886 133 3
                                    

(56. 2)

ပင်းရဲ့ စိတ်ထဲမှာ အတော်လေး ကို ဉာဏ်ပွင့်သွားပြီးတော့ တစ်ချို့ ရှုပ်ထွေးနေတဲ့ ကိစ္စတွေ တောင်မှ လွယ်လွယ်လေး ဖြေရှင်းလို့ ရသွားလေတယ်။

နှင်းတောင်ပေါ်မှာ ပွင့်တဲ့ အဖြူရောင် ပန်းပွင့်တွေက လွဲလို့ သူက တစ်ခြား ဘယ်အပင် ကိုမှ ကြီးလာတာ မတွေ့ဘူး ခဲ့ပေ။

တကယ်လို့ ဆေး က ရေခဲနဲ့ နှင်းတွေ အောက်မှာ ပေါက်တာ သာဆိုလို့ကတော့ အဲ့တာက အများကြီး ရဖို့နဲ့ ရှာဖို့ကို အရမ်း အရမ်း ခက်ခဲ သွားမှာ ပဲ ဖြစ်လေတယ်။

'' ငါ ဒါတွေ စိုက်ပြီးတာနဲ့ သူတို့ကို ခေါ်ပြီး နှင်းတောင် ပေါ်ကို ချက်ချင်း သွားလိုက်မယ် ''

'' အခုက မှောင်လာပြီ။ မင်း အိမ်ကိုပဲ အရင်ပြန်သွားလိုက်ပါ။ ယန်မင်းက မင်းကို အိမ်မှာ စောင့်နေဆဲ ပဲလေ။ မနက်ဖြန်မှ သွားကြတာပေါ့။ ''

'' ကောင်းပြီ ''

ချီဟန်က ပင်းနဲ့ စကားပြောပြီးတာနဲ့ ရုတ်တရက်ပဲ ဖြူဖွေး နူးညံ့ကာ ရှည်သွယ်တဲ့ လူသား တစ်ယောက် က သူ့ဘေးကို ရပ်​နေတာ တွေ့လိုက်ရပြီးတော့ သူ့ကို ရိုသေစွာနဲ့ ခေါ်တာ ကို တွေ့လိုက် ရတယ်။

'' မျိုးနွယ်စု စုန်းမ ''

ချီဟန် က အနောက်ကို ဆုတ်ကာ သူနဲ့ ဝေးရာဆီကို အနည်းငယ် အမြန် ရွေ့လိုက်တယ်။

'' မင်းက? ''

'' သူက ငါတို့ အိမ်တွေ ကို ကြည့်ဖို့ လာခဲ့တာလေ။ သူက ပင်လယ်လူသားလေ။ ငါခေါ်လာခဲ့တာ ''

မို က စိတ်အားထက် သန်စွာနဲ့ ထို မျက်နှာချင်းဆိုင် က သားရဲ လူသား ကို မိတ်ဆက်​ပေး လာခဲ့တယ်။

''ပင်လယ် လူသား? ''

ချီဟန် က ပင်လယ်လူ ကို သေချာကြည့်ပြီး ယဥ်ကျေးစွာ ပြုမူ လိုက်တယ်။

ထို ပင်လယ်လူသား ရဲ့ ကိုယ်ပေါ်မှာ အဝတ်အစား တွေကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီးတော့ ကိုယ်ပေါ်က အဝတ်တွေက ပါးလွှာကာ ကြည့်ရတာ အကောင်တစ်ခုခု ရဲ့ သားရေစ ဖြစ်ဟန်ပဲ။ ဒါပေမယ့် အဲ့သားရေစ က ကုန်းမြေကောင် တွေရဲ့ သားရေစ ထက် သိသိသာသာ ကြီးကို ပိုပါးလေတယ်။ ပြီးတော့ အဲ့တာ ကလည်း ဖြူဖွေးနေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now