အပိုင်း (38. 1).

2.1K 372 6
                                    

(38 .1)

ယောင် က သူ့နောက်ကျောပေါ်မှာ ဒဏ်ရာ ရနေတဲ့ သားရဲလူသားကို သယ်ဆောင်ထား ပြီးတော့ ဝမ်းနည်း နေခဲ့လေတယ်။

လု နဲ့ ချန်တို့ ချီယန် မျိုးနွယ်စီကို ပြန်လာတဲ့ အချိန်တုံးက သူဟာ ချီယန် မျိုးနွယ်စု မှာ အိမ်တစ်လုံး ဆောက်ဖို့ လူတိုင်းကို ဦးဆောင် နေတာကို တွေ့ခဲ့ ရတယ်လေ။ အဲ့ကိစ္စ ကို ချီဟန်နဲ့ တုံတို့ရော သိပြီး လောက်ရောပေါ့။ သူ့တို့ရဲ့ နှလုံးသား ထဲမှာတော့ သူဟာ သူခိုး တစ်ယောက် ပါပဲ။

သူတို့ ( ချီယန်)  တွေက သူတို့( ချောင်ယွမ်)  ရဲ့ တီထွင် ဖန်တီးမှုကို အခွင့်မရှိပဲ ခိုးယူခဲ့တယ်လေ။ အဲ့နေရာမှာ သူတို့ ( ချီယန်)  သာဆို ဒီအတိုင်း ရပ်ကြည့် နေနိုင်မှာ တဲ့လား?

ယောင်ရဲ့ အနက်ရှိုင်းဆုံး နှလုံးသားထဲမှာတော့ ဒီနေရာက သူ့အိမ်လို့ မှတ်ယူ ထားပြီးသားပဲ ဖြစ်လေတယ်။ မျိုးနွယ် စု တည်ထောင်ဖို့ လိုက်လာတဲ့ လမ်းမှာကတည်း က သူက ဒီအိမ်ရဲ့ ထုတ်တန်းအဖြစ် မှတ်ယူ ထားပြီးသားပါ။ ဒါကြောင့် နှလုံးသား ထဲကနေ မသိလိုက်ပဲ ဖွံ့ဖြိုး ကြီးထွားလာတဲ့  ခံစားချက်တွေ နဲ့အတူ မျိုးနွယ်စု တည်ထောင် ရာမှာ ပါဝင်ပေးခဲ့တယ်။

တကယ်လို့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကိုသာ သူတို့ကို သေချာရှင်းပြ လိုက်မယ် ဆိုရင်ရော သူတို့က သူ့ကို နောက်ထပ် တစ်ကြိမ်လောက် များ လက်ခံ ပေးကြအုံး မှာတဲ့လား?

နွေဦးရာသီ က အပင်စိုက်ပျိုးခြင်း နဲ့ ပြောင်းရွှေ့ စိုက်ပျိုးခြင်း အတွက် အသင့်တော်ဆုံး ရွှေရောင် အချိန်ကြီးပဲ ဖြစ်လေတယ်။ ဒီရက်တွေ ထဲမှာ ချီဟန်နဲ့ ပင်းတို့က ဆွေးနွေး တိုင်ပင်ကြပြီးတော့ တောထဲက ဆေးပင်ရိုင်းတွေကို သွားတူးကာ မျိူးနွယ်ထဲမှာ ဆေးပင် စိုက်ခင်း တစ်ခု လုပ်ဖို့ တိုင်ပင် ခဲ့ကြလေတယ်။ သူတို့မျိုးနွယ် ထဲမှာ သားပေါက်လေးတွေ က ပိုပိုပြီးတော့ ရှိလာကြအုံးမှာလေ။ ဒါကြောင့် အများဆုံး သုံးလေ့ရှိတဲ့ အဖျားပျောက်ဆေး၊ အခိုးပွင့်ဆေး ၊ သွေးတိတ်ဆေး အစရှိတဲ့ ဆေးပင်တွေကို ပြောင်းရွေ့ ပြီးတော့ စိုက်ပျိုးထား သင့်တယ်လေ။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now