အပိုင်း (59.1)

589 95 2
                                    

(59.1)

'' ငါ့ကို အောက်ချပေးပါ။ မင်းက ဘာလို့ ငါ့ကို ပွေ့ထား ရတာလဲ ။ ငါက အဆင်ပြေ နေတာ ကို ''

မို က အောက်ကို ချပေးဖို့ ရုန်းကန်နေခဲ့တယ်။

ဒီလူက လူတွေအများကြီး ရှေ့မှာ သူ့ကို ပွေ့ခဲ့တယ်လေ။

အဓိက အချက်ကတော့ သူက အခုချိန်မှာ လုံးဝကို ဘာဒဏ်ရာမှ မရတာကို။

သူက ငါးဖမ်းရင်း ပင်လယ်ရေထဲ ပြုတ်ကျသွားတဲ့ နောက်ဆုံး အချိန်မှာ တုံးက ကမ်းခြေပေါ်ထိ ရောက်အောင် သယ်ပွေ့ သွားခံ ရတယ်လေ။ ဒါပေမယ့် နောက်ဆုံး အချိန်တုံး က ပင်လယ်ရေထဲ ကို ပြုတ်ကျ တုံးက သူတော့ သေပြီ ဆိုပြီးတော့ ကြောက်လန့်နေတာ နဲ့ ရေတွေ ဗိုက်အပြည့် သောက်လိုက်ရတယ်လေ။

အခုတော့ သူ့လူတွေ ရှေ့မှာ သူက ထပ်ပြီးတော့ အဲ့လို အပွေ့ခံ ရပြန်ပြီ။

အရမ်းရှက်ဖို့ ကောင်းတာပဲ။

ပိုင် ရဲ့ အက အရမ်းကို ကြောက်ဖို့ကောင်းလေတယ်။ မို ကို သူ့လက်မောင်းတွေ ကြားထဲ ထည့်ထားတာ ကြောင့် မို ခမျာ မရုန်းတောင် မရုန်းနိုင်တော့ပေ။

'' မလှုပ်နဲ့။ မင်းရဲ့ အဝတ်တွေ အကုန်လုံးက စိုနေတယ်။ ''

ပိုင် က မျက်ခုံးတွေ အသာကြုံပြီးတော့ လက်မောင်းထဲက မိုကို ငုံ့ကြည့်လိုက်တဲ့ အခါ မိုရဲ့ ရှေ့မှာ ဆူထွက်နေတဲ့ အစက် ၂ ခုကို တွေ့ပြီးတော့ သူက လက်မောင်းကို ပိုတင်းပြီးတော့တောင် ဖက်ထားလိုက်တယ်။

ယန် က သူ့ရဲ့ နဖူးကို အသာလေး ပုတ်ကာ ငယ်စဥ် ကတည်း က သူနဲ့ အတူ ဆော့ကစား လာတဲ့ တုံးအ တဲ့ ညီကို ကို ကြည့်လိုက်မိတယ်။ သူတို့ အတူတူ မနေခင် အခွင့်အရေး တစ်ခု ရှာပြီးတော့ သူက မို ကို သင်ပေးမှ ဖြစ်တော့မယ် လို့ သူ့ဘာသာ သူတွေးလိုက်မိဘေတယ်။

အဲ့တာ သင်ပေးဖို့ အရမ်းကို နောက်ကျ သွားပြီလားတောင် သူ မသိတော့ပေ။

မျိုးနွယ်စု ထဲက ကိစ္စတွေ အဆင်ပြေ သွားပြီ ဆိုတဲ့ အခါ ကျတော့မှ ချီဟန်က စုဝေးပွဲကို သွားဖို့ ဆုံးဖြတ်ကာ စုဝေးပွဲမှာ အသစ်တစ်စုံတစ်ရာ ပါကောင်းပါတယ် ဆိုပြီး မျှော်လင့် မိလေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now