အပိုင်း(17.2)

2.8K 504 13
                                    

(17.2)

တုံ က အမှန်တကယ်ဆိုရင် သစ်သားချောင်းရဲ့ အကူအညီကို ယူစရာ မလိုတော့ပါဘူး။ ဒါပေမယ့် ချီဟန်ကတော့ ဖြုတ်ပေးဖို့ရာ ငြင်းဆန်ခဲ့လေတယ်။တုံက လူတိုင်း အကောင်းဆုံး လုပ်တာကို စောင့်ကြည့်ခဲ့ရလေတယ်။ ခေါင်းဆောင် ဖြစ်တဲ့ သူသာလျှင် အလုပ် မလုပ်တဲ့ အတွက်ကြောင့် နောက်ဆုံးမှာ သူ ဆက်သည်းမခံ နိုင်တော့ ပါပေ။

သူက ချီဟန်ရဲ့ သစ်သားချောင်းတွေကို လျှို့ဝှက်စွာ ချွတ်လိုက်ကာ ယောင် တို့ အမဲလိုက်တဲ့ ဆီကို လိုက်ပါ သွားလေတယ်။ တကယ်လို့ သူအမဲ မလိုက်နိုင် ရင်တောင်မှပဲ ထောင်ချောက် ထဲက သားကောင်တွေကို ကူကောက်ပေးလို့ ရတယ်လေ။

အဲ့လိုမျိုး ခိုးပြီး ပါသွားတာက ချီဟန် တစ်ယောက် အနီးကပ် မစစ်ဆေးသေးတဲ့ နေ့အထိပါပဲ။ ချီဟန်က သူ့ကို စစ်ဆေးတော့ တုံ ရဲ့ခြေထောက်က တကယ်ကြီး ကောင်းနေပြီ ​ဆိုတာကို တွေ့ခဲ့ရတယ်။ ဒါကြောင့် တုံ ကို ခြေထောက် အစွပ်တွေ ချွတ်ပေးလိုက်တော့တယ်။

မျိုးနွယ်စု ထဲက လူတိုင်းက တုံ ရဲ့ ခြေထောက်တွေ ကျိူးသွားကတည်းက ချီဟန်ကို လေးစားခဲ့ကြတာ ပဲ ဖြစ်လေတယ်။ တုံ က မျိုးနွယ်စု စုန်းမက ဘယ်သူပါ ဆိုတာကို မပြောပေမယ့် သူတို့ရဲ့ စိတ်ထဲမှာတော့ ချီဟန်က မျိုးနွယ်စု စုန်းမ ပါပဲ။

မျိုးနွယ်စု ထဲက မသန်စွမ်းတဲ့ သားရဲလူသားတွေက အတော်လေး မသက်မသာ ခံစားခဲ့ရတယ်။ တကယ်လို့ သူတို့သာ ချီဟန် လိုမျိုး မျိုးနွယ်စု စုန်းမ ရှိတဲ့ မျိုးနွယ်ထဲကို ဝင်ထားမိခဲ့ရင် သူတို့ရဲ့ ခြေထောက်တွေက ပြန်ကောင်း လာနိုင်မှာ ဖြစ်နိုင်ချေ များလေတယ်။

ရက်ပေါင်း ၃၀ ကြာ ပြီးသွားတဲ့ နောက်မှာတော့ သူတို့တွေက ခရမ်းရောင် အမြစ်တွေကို ကြီးမားတဲ့ အကျယ်အဝန်းကြီး တစ်ခုအဖြစ်ပြောင်းလဲ စိုက်ပျိုးခဲ့ပြီး ဖြစ်လေတယ် ။ ကြီးမားပြီး သန့်ရှင်းနေတဲ့ ခရမ်းရောင်အမြစ်ရဲ့ အပင်ပေါက် လာတာကို တွေ့တော့ သားရဲတစ်ဝက် အကြီးတွေနဲ့ သားရဲတစ်ဝက် အငယ်တွေက ပျော်ရွှင်ယုံသာ မကပါဘူး ဆောင်းရာသီ ရောက်လာဖို့ အတွက်ပါ စောင့်မျှော်နေ ကြ ပါတော့တယ်။ အဲ့ခါကျရင် တောင်ပေါ်တွေ တောတွေ ထဲကို လျောက်ပြေး နေစရာ မလိုတော့ဘူးလေ။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now