အပိုင်း (28. 2)

2.4K 401 3
                                    

(28. 2)

'' ကျေးဇူးတင်ပါတယ် မျိုးနွယ်စု စုန်းမ။ ငါပြန်သွားတုံး က ဒီအကြောင်း ကို အချိန်အတော်ကြာ တွေးထားပြီးသားပါ။ ငါရဲ့ ကျိုးနေတဲ့ အရိုးတွေ ပြန်တည့်ဆက် သွားပြီး ကောင်းကောင်း ကြီးထွားလာမယ် လို့ ထင်ပါတယ် ''

စကားပြော မပြီးခင် ပင်းရဲ့ အရှိန်က ခဏတာ နှေးသွားခဲ့တယ်။ ပင်းက ခါတိုင်းမှာ အမြဲတမ်း စိတ်ကို အေးအေး ထားပြီးတော့ မသေချာတဲ့ အလုပ်ကို မလုပ်တဲ့ သူပဲ ဖြစ်လေတယ်။ သူက ယောင်နဲ့ တစ်ခြား သူတွေကို အထူးသဖြင့်  ခေါင်းဆောင်ရဲ့ ခြေထောက်အကြောင်း ကို မေးခဲ့ပါသေးတယ်။ လူတိုင်းက ချီဟန် ကုသ ပေးတာ လို့ ပြောတဲ့ အတွက်ကြောင့် သူက ပိုပြီးတော့ စိတ်ချ သွားခဲ့တာ ပဲ ဖြစ်လေတယ်။

'' တကယ်လို့ မင်းပြန်သွားလို့ ကိုယ်ပူလာတဲ့ အချိန်မှာ ပဝါကို ရေအေးထဲ နှစ် ပြီးတာနဲ့ သေချာညှစ်ပြီးတော့ မင်းတစ်ကိုယ်လုံးကို ပွတ်ပေးပါ။ အရိုးစွပ်ပြုတ်ကို အများဆုံး သောက်ပေးပါ။ မင်းရဲ့ အမျိုးသမီးက ကျန်းမာရေး မကောင်းတော့ မင်းကို ထမင်းချက်ကျွေး နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီလ အတွင်းမှာ ငါကပဲ မင်းကို အရိုးစွပ်ပြုတ်လာပေးမယ်။ ပြီးတော့ ဒီတစ်လ အတွင်း ခြေထောက်ကို မလှုပ်ပါနဲ့။ ''

'' ဒါဆိုလည်း မျိုးနွယ်စု စုန်းမကို ဒုက္ခ ​ဖြစ်စေ ပါပြီ''

ပင်း က အနည်းငယ် ရှက်မိသလို ခံစားနေရတယ်။ သူ့အတွက် အစားအစာ ကို အပြင်လူအား မှီခိုလိုက်ရတဲ့ အတွက်ကြောင့် အနည်းငယ် မသက်မသာ ဖြစ်နေခဲ့တယ်။ ဒါပေမယ့် အစကတည်းက သူ့အပေါ် အကြွေးတင်နေပြီ ဆိုမှတော့ အဆုံးထိ သူ့အပေါ် ကိုပဲ အကြွေး ဆက်တင်တာ က ပိုကောင်းပါတယ်လေ။

'' မလှုပ်နဲ့ ။ သူတို့ ပြန်လာတဲ့ အချိန်မှာ မင်းကို သယ်ပြီး ပြန်ပို့ ဖို့ ငါ သူတို့ကို ပြောလိုက်မယ်။ ''

'' ငါ ခြေတစ်ချောင်း ထောက်ခုန်ပြီး ပြန်သွားလို့ ရပါတယ်။ ''

'' မရဘူး။ မင်းလှုပ်လို့ မရဘူး။ မင်းလှုပ်လိုက်ရင် ခြေထောက်က ထပ်ပြီးပြန်ကျိုး သွားလိုက်မယ်။ ဒါဆိုရင် မင်း ခံစားထားရတဲ့ ဟာတွေက အလကား ဖြစ်ကုန်လိမ့်မယ်။ ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now