အပိုင်း (49. 2)

1.4K 231 5
                                    

(49. 2)

ကြည့်ရတာတော့ သားရဲလူသားတွေက မျိုးနွယ်စု အစွန်းနေရာကို စပြီးတော့ ကျောက်လှံတံ တွေနဲ့ တိုက်ခိုက် ထားတဲ့ ဟန်ပါပဲ။ မျိုးနွယ်စု အစွန်မှာ ကျောက်လှံတံတွေနဲ့ သတ်ခံ ထားရတဲ့ သားရဲလူသား တွေ အများကြီး ရှိပြီးတော့ အတွင်းပိုင်းနဲ့ ပိုနီးလာလေလေ လက်သည်းခြေသည်း နဲ့ သွားရာတွေ ကိုသာ တွေ့နေရလေတယ်။

ဘဝကို ​ခြိမ်းခြောက်ခံလာ ရတဲ့ အချိန်မှာတော့ ပင်ကိုဗီဇက ဦးဆောင် သွားဟန် ပါပဲ။ ကြိုတင်ပြင်ဆင် ထားသော်လည်းပဲ နှစ်ဖက်စလုံး ဒဏ်ရာ ရသူတွေ ကလည်း ပြင်းထန်လေတယ်။ ပြီးတော့ ချောင်ယွမ်မျိုးနွယ် ကလဲ လုံးဝကို အခွင့်အရေး အယူမခံ ရဘူးလို့ မဆိုပေ။

မြေပြင်ပေါ်မှာ သေဆုံးနေတဲ့ အလောင်းတွေက များသောအားဖြင့် ကျားတွေ ဖြစ်ပြီးတော့ သူတို့ထဲက တစ်ချို့ကတော့ ချို့တဲ့ နေကာ တစ်ချို့ကတော့ ရင်းရင်းနှီးနှီး ကို ပိန်နေကြတယ်လေ။ တစ်ခါ တစ်ရံ အမြီးပြာမျောက်တစ်ချို့၊ ကျားသစ်တစ်ချို့နဲ့ ဝံပုလွေ တစ်ချို့ပါ တွေ့ရလေတယ်။

ချီဟန်က ကျားမဟုတ်တဲ့ သူတွေဖြစ်တဲ့ ဘေးနားက လူတွေကို သေချာစစ်ဆေး ကြည့်လေတယ်။ သူတို့ထဲက တစ်ချို့က လုံးဝ မသေသေးပါပေ။

ချီဟန်က သားရေစကို ဆုတ်ဖြဲ လိုက်ပြီးတော့ သူတို့ရဲ့ ဒဏ်ရာ သွေးထွက်မှု ကနေ လျော့နည်း သွားအောင် ရိုးစင်းစွာ ချည်နှောင်ပေး လိုက်တယ်။ သူက ရိုးရှင်းစွာ ဝတ်ဆင်ထားတာ ပဲ ဖြစ်တယ်။ သူက သူတို့ ဘဝတွေကို ထိန်းသိမ်း ပေးရတာက ဘာပြဿနာမှ မရှိပေ။ ပြီးတော့ သူက ထလိုက်တယ်။ သူက ဒီနားမှာ အချိန်တွေ အများကြီး မဖြုန်းလိုတော့ပေ။ သူက တုံ ဆီကို အမြန်သွားပြီးတော့ ကူညီလိုခဲ့တယ်။

ကျားဖြူ သားရဲက ပုံမှန် သားရဲတွေ ထက် ပိုကြီး ပေမယ့် မြွေမဲကောင်နဲ့ ယှဥ်ရင်တော့ အတော်လေးကို သေးနေပါသေးတယ်။ မြွေမဲကောင် က ပိုပြီး ပြင်လွယ်ပြောင်းလွယ် ရှိကာ  အတွေ့အကြုံလည်း ပိုရှိနေဟန် ပေါ်လေတယ်။

လေထဲ နဲ့ မြေပြင် အခြေအနေ က အချိန်တိုင်း ပြောင်းနေပြီးတော့  တောင်ပံနဲ့ တိုက်လိုက် အမှီးနဲ့ ရိုက်လိုက် လုပ်နေခဲ့တယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now