အပိုင်း (40.1)

1.9K 286 2
                                    

(40.1)

သူတို့တွေ ဆွေးနွေးပြီးရင်း ဆွေးနွေးခဲ့ကြတယ်။ ဒါပေမယ့် သူတို့က ထိုပြဿနာ တစ်ခုကို ဖြေရှင်းမယ့် နည်းလမ်း ရှာမတွေ့ခဲ့ပေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျားဖြူမျိုးနွယ်မှာ ရှိတဲ့ သားရဲလူသားတွေလို မျိုး လူအင်အား အများကြီး မရှိပေ။

ချီဟန်နဲ့ တုံ တို့က သူတို့ဆီကို ဝင်ထားတဲ့ တစ်ခြား မျိုးနွယ်စုခေါင်းဆောင် ဟောင်းတွေကို ဆင့်ခေါ်လိုက်တယ်။ လူပိုများတော့ ပိုကောင်းတာပေါ့လေ။ နည်းလမ်းတွေ အများကြီး ကို အတူတူ စုပြီး စဥ်းစားတာက ပိုမကောင်းပေဘူးလား။

တကယ်လို့ လျူသာ ချောင်ယွမ် မျိုးနွယ်စုကို ရှာလိုတဲ့ အချိန်များ ရှိလာခဲ့မယ် ဆိုရင် သူတို့အနေနဲ့ တစ်ခြား မျိုးနွယ်စုတွေနဲ့ ဆက်သွယ်ဖို့ အချိန်လုံးဝ မရှိတော့မှာပဲ ဖြစ်တယ်။

ကျဲက သူ့ရဲ့ လက်ကို စိတ်လှုပ်ရှားစွာနဲ့ ပွတ်သပ်နေခဲ့တယ်။

'' ကျားဖြူမျိုးနွယ်က သူတွေက ကြီးနိုင်ငယ်ညှင်း လုပ်တက်တဲ့ သူတွေမှန်း ငါအစကတည်း က သိပါတယ်။ ငါတို့ အိုးတွေ လုပ်ပြီး စုဝေးပွဲမှာ လဲလှယ်တဲ့ အချိန်တိုင်းမှာ သူတို့က အရေအတွက် အများကြီးကို ယူသွားခဲ့ ပြီးတော့ ကျွန်တော် တို့ကိုကျတော့ အသားပမာဏ နည်းနည်းပဲ ပေးခဲ့တာ။ သူတို့က ဘယ်လောက်​ပဲ ကြီးကျယ်တဲ့ မျိုးနွယ်ဖြစ်ပါစေ ငါတို့တွေက သူတို့နဲ့ အတူတူ ကူးသန်းရတာ လုံးဝ အဆင်မပြေဘူး''

လန် က အနည်းငယ် စိတ်လွတ်နေပြီးတော့ ရှုပ်ထွေးနေခဲ့တယ်။

'' ငါကြားဘူး တာကတော့ ငါတို့ လင်းယုန်မျိုးနွယ်ထဲက သားရဲလူသား တစ်ယောက်က ကျားဖြူရဲ့ ခေါင်းဆောင် ဖြစ်နေတာတဲ့။ အဲ့တာက သတင်းအမှားကြီး ပဲ မဟုတ်ဘူးလား?သတင်းတွေ အရဆိုရင် သူက ငါတို့လင်းယုန်မျိုးနွယ်စုကို အကြိမ်ပေါင်း ဒါဇင် ကနေ ၄၀ အထိ လာပြီး နယ်ချဲ့ခဲ့တယ်တဲ့။ ဒါပေမယ့် သူက ဆောင်းရာသီ ၆ ခုလောက်ပဲ သိမ်းပိုက်နိုင်ခဲ့တယ်တဲ့။ အတိအကျ ကိုဘာတွေ ဖြစ်သွားရတာလဲ''

'' ကျားဖြူက သူတွေက ဒိီလို ခိုးဆိုးလုယက် တာမျိုးကို ငါတစ်ခါမှ မကြားဘူးဘူး။ အဲ့နေရာမှာ အခုမှ တစ်ခုခု မှားယွင်းနေတာ ပဲဖြစ်ရမယ်။ အဲ့တာကို ရှာဖွေတာက ပိုကောင်းမယ်လို့တော့ ငါတွေးမိတယ်''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Dove le storie prendono vita. Scoprilo ora