အပိုင်း (29)

2.6K 438 5
                                    

(29)

သားရဲလူသားထီး တွေကို စီစဥ်ပေးပြီးတဲ့ နောက်မှာတော့ ချီဟန်က အမျိုးသမီးတွေနဲ့ သားရဲတစ်ဝက်တွေကို စုစည်းကာ တစ်ချို့ကို ရွေးချယ်လိုက်ပြီးတော့  မှန်ကန်တဲ့ နေရာမှာ မီးတုတ်တွေ တုတ်ချောင်း တွေနဲ့ ရပ်နေရမယ် ဆိုတာကို သင်ပေးခဲ့ပြီးတော့ ဂျိုရှည်သားရဲ အုပ်ကို လမ်းမလွဲသွားစေဖို့ လုပ်ခိုင်းခဲ့တယ်။

တိရိစ္ဆာန်တွေက မီးနဲ့ အပူကို ကြောက်ပြီး ရှောင်သွား တက်ကြတာ မှန်ပေမယ့် အခုက ခြောက်သွေ့ ရာသီ ဖြစ်တဲ့ အတွက်ကြောင့် မီးသုံးတာကလည်း အန္တရယ် ရှိလေတယ်။ ဒါကြောင့် သစ်တောထဲမှာ ဘာမီးလောင်မှုမှ မဖြစ်ရအောင် ကြိုတင်အသိပေးရလေတယ်။ မဟုတ်လို့ကတော့ တစ်ယောက်မှ အသက်ရှင်လိုက်မှာ မဟုတ်ဘူး။

ချီဟန်က လူတိုင်းကို သရုပ်ပြလိုက်တယ်။ သူက မီးကျသွားတဲ့ နေရာရဲ့ ပတ်ပတ်လည်က မြက်ခြောက်တွေကို ဖယ်ကာ ၁.၅ မီတာ ကျယ်တဲ့ သီးခြားနေရာကို ချက်ချင်းရှင်းလိုက်တယ်။ ပြီးတော့ သူက တစ်ခြား အမျိူးသမီးတွေနဲ့ သားရဲတစ်ဝက်တွေကို တစ်ပုံစံထဲ လုပ်ခိုင်းလေတယ်။

မီးတစ်ခု ချင်းစီက ဒီလိုမျိုး ဆက်ဆံတာကို ခံရသင့်တယ်။

ပြီးတော့ လင်းယုန် သားရဲတွေကို ရေတစ်ချို့ သွားသယ်ခိုင်းပြီးတော့ ပြင်ဆင်ထားလေတယ်။ အမဲလိုက်ပွဲ ပြီးဆုံးသွားပြီ ဆိုရင် မီးတုတ်တွေကို ဖြေရှင်းရမယ့် နည်းကို ပြမလို့ပဲ ဖြစ်လေတယ်။

အမဲလိုက်မယ့် အချိန်ကို ညနေခင်း အဖြစ် သတ်မှတ်လိုက်တယ်။ အဲ့အချိန်မှာဆိုရင် ဂျိုရှည်ကောင်တွေက စားဆဲ သောက်ဆဲ ဖြစ်နေတဲ့ အပြင် တိရိစ္ဆာန်တွေ ကလည်း တွေးဝေ ငေးမောနေတဲ့ အချိန်ဖြစ်နေတယ်လေ။ သားရဲလူသားတွေက စတင်ပြီးတော့ ဆူညံသံတွေနဲ့ ဖုန်တောကြီးကို ဖန်တီးတော့တယ်။

သားရဲလူသားတွေက သူတို့ရဲ့ သားရဲအသွင်ကိုပြောင်းပြီး ဂျိုရှည်ကောင် တွေ ကျက်စားရာ နေရာ အနောက်ကနေ ဟောင်တာ ၊ ဟိန်းတာ အပြင် ထူးဆန်းတဲ့ ဆူညံမှုတွေ လုပ်ကြတာကြောင့် ဂျိုရှည်ကောင်တွေ ခမျာ ခဏတွင်းပဲ အလန့်တကြား ဖြစ်သွားတော့တယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now