အပိုင်း (44. 2)

1.6K 237 3
                                    

(44. 2)

'' မင်းက ကိုယ်လက်လှုပ်ရှားမှု ကို အချိန်အတော်ကြာ ကြီးကတည်း က မလုပ်ခဲ့တာကြောင့် မင်းကိုယ်ပေါ် က ကြွက်သားတွေက ရှုံ့တွ သွားတာပါ။ မင်းက နေ့တိုင်း မင်းရဲ့ ကိုယ်လက် လှုပ်ရှားမှုကို ပြန်လုပ် ပြီး ကုစားနေသေးသရွေ့ မင်းရဲ့ အရင်က ကိုယ်အတိုင်း ပြန်လည် ကောင်းမွန်လာမှာပါ''

ချီဟန် က ထိုလူ စိတ်လျော့လိုက်မှာ အသက်ရှင်လိုစိတ် မရှိတော့မှာကို ကြောက်ရွံပြီးတော့ အလျင်အမြန်ပဲ ဝင်ရောက် ရှင်းပြ လိုက်လေတယ်။

အဲ့တာက သူတို့ ကိုယ်လက်လှုပ်ရှားမှု အများကြီး မလုပ်လို့ပေါ့။ သူတို့ရဲ့ ကြွက်သားတွေက ပုံမှန် အတိုင်းကောင်းနေ သေးပါတယ်ပေါ့လေ။

'' အဲ့တာ က အဆင်ပြန်ပြေ လာမှာလား? ''

'' အဆင်ပြန်ပြေ လာမှာပါ ''

'' အဲ့လို ပြန်ဖြစ်ဖို့ အချိန်ဘယ်လောက် ကြာမှာလဲဟင်? ''

'' အနည်းဆုံးတော့ ရက်သုံးဆယ် ကျော်လောက်ပေါ့ ''

အမှန်တော့ ဒါက ချီဟန်ရဲ့ ခန့်မှန်းတဲ့ ရက်ပဲ ဖြစ်တယ်။ ထိုအချိန်အတွင်းမှာ ပြန်ကောင်းလာနိုင် မလားဆိုတာ ကတော့ သူလည်း သေချာမသိပေ။ သူမှတ်မိတာ ကတော့ သူ့အဖိုး အရိုးကျိူး သွားတုံးက ဆေးရုံမှာ ကျောက်ပတ်တီး ကိုင်ပြီး ၃ လနောက်နေခဲ့ရတာလေ။

သူ့ရဲ့ ခြေထောက်ကြွက်သား တွေက ရှုံ့လာကာ လမ်းလျောက်တဲ့ အချိန်တိုင်း မှာလည်း အားနည်းနေခဲ့တယ်။ နောက်ပိုင်းမှသာ ဖြေးဖြေးချင်း ပြန်လည်ကောင်း မွန်လာအောင် နေ့စဥ် နေ့တိုင်း လေ့ကျင့် ရေး လုပ်ခဲ့ရတယ်လေ။

အဲ့အချိန်တုံး က ပြန်ကောင်းလာဖို့ အချိန် ဘယ်လောက် ယူရသလဲ ဆိုတာကို သူသေချာ မမှတ်မိခဲ့ပေ။ ဒါပေမယ့် အနည်းဆုံးတော့ တစ်လတော့ ကြာမှာပဲလေ။

'' အဲ့လောက်တောင် ကြာမှာလား? ''

ထိုသားရဲလူသားရဲ့ မျက်လုံး က အနည်းငယ် သတ္တိ နည်းသွား သလို ဖြစ်နေကာ ပြီးတော့မှ အေးစက်ပြီးတော့ ကြမ်းတမ်းစွာ ထုတ်ပြောလာခဲ့တယ်။

'' ငါ မသေနိုင်သေးဘူး ။ ပြီးတော့ ငါ ရှုံးတာ ကို ဝန်မခံ နိုင်သေးဘူး။ ငါပြန်သွား ပြီးတော့ မြွေမဲ ကောင်ကို သတ်ရ အုံးမယ်!''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now