အပိုင်း (40.2)

2K 328 16
                                    

(40.2)

'' ပင်း အဲ့ဒီ သားရဲလူသားငယ်က အခုချိန်မှာ ကျားဖြူမျိုးနွယ်သား ဖြစ်တေခဲ့ပြီ။ မင်းနားလည်သင့်တယ်......''

ချီဟန်က စကားဆက် မပြောတော့ပေ။ သူတို့တွေ အကုန်လုံးက မိဘတွေ ဖြစ်တဲ့ အတွက်ကြောင့် နာကျင်မှုကို နားလည်လေတယ်။ တကယ်လို့ တစ်ယောက် ယောက် ကများ ချန်ရှီးလေးကို နတ်ဘုရားတွေဆီ ဆက်သဖို့ ခေါ်သွားမယ်ဆိုရင် ချီဟန်က အဲ့လူကို သေတဲ့အထိ တိုက်ခိုက် မှာပဲ ဖြစ်လေတယ်။

ဘာပဲ ဖြစ်ဖြစ်လေ ပင်းနဲ့ ယန်မင်း တို့က ထိုသားရဲ လူသားငယ်ရဲ့ မိဘတွေ ဖြစ်တယ်ဆိုတာ သိတဲ့အချိန်မှာ သူလေးက ဘာဆက်လုပ်မှာ တဲ့လဲ?

သူလေးရဲ့ နှလုံးသား ထဲမှာ သူတို့ကို မုန်းတီးနေမယ့် ခံစားချက်တွေ မရှိနိုင်ပေဘူးလား?

ချီဟန်က သားရဲလူသားငယ်လေး ဟာ မျက်လုံး တင်းတင်း မှိတ်ထား ပြီးတော့ လက်သီးကို တင်းတင်းစုတ်ထားတာ တဲ့ မြင်ကွင်း ကို ပြန်မြင်ယောင် မိလေတယ်။

သူက ယန်မင်း ရဲ့ မျက်လုံးတွေနဲ့ ပင်းရဲ့ ဆံပင်တွေကို မြင်တဲ့ အခါ တစ်ခြားအတွေးတွေ မတွေးနိုင်တော့ ဘူးလို့များ ထင်နေကြသလား။

ပြီးတော့ ဒီလိုမျိုး ခြေတစ်ဖက်ကျိုးသည် အထိ ဆက်ဆံခြင်း ခံရတာကို ကြည့်ခြင်းအားဖြင့် ဒီသားရဲငယ်လေး ရဲ့ ဘဝလမ်းဟာ ဘယ်လောက်ထိ ခက်ခဲ ကြမ်းတမ်း လိုက်သလဲ ဆိုတာ မြင်နေရတာပဲလေ!

မျိုးနွယ်စု ရဲ့ လုံခြုံရေး အတွက် ချီဟန် ပြောမှ ဖြစ်လိမ့်မယ်။

'' ပင်း ငါမင်းရဲ့ ခံစားချက်တွေ ကို နားလည်ပါတယ်။ သားရဲလူသားငယ် လေးရဲ့ ခြေထောက်တွေ ​ကို ကောင်းမွန်တဲ့ အချိန်ထိ မင်းပျိုးထောင်ပေး ဖို့ ငါခွင့်ပြုတယ်။  သားရဲလူသားငယ်လေး ရဲ့ ခြေထောက် ကုသနေတဲ့ ရက်တွေ အတွင်းမှာ မင်း က သူ့ကို ပိုပြီး ဂရုစိုက်ပေးလို့ ရပေမယ့် အထွေထွေ အကြောင်းအရာတွေ အကုန်ပြောပြ စရာ မလိုဘူး ဆိုတာကိုတော့ သတိပေး ပါရစေ။ ငါပြောတာ ကို မင်းနားလည်ရဲ့လား?''

ပင်း က ပါးစပ်ကို ဖွင့်လိုက်ပေမယ့် အသနားခံတာမျိုး မလုပ်ခဲ့ပေ။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now