အပိုင်း ( 20)

2.9K 505 7
                                    

(20)

ထိုကဲ့သို့ တွေ့ဆုံ ပွဲနေ့က တစ်နှစ်လုံးမှာ ၁၀ရက်ပဲ ရှိလေတယ်။ မျိုးနွယ်စု အရမ်းကြီးတာတွေက လွဲလို့ ကျန်တဲ့ မျိုးနွယ် စုတွေ အကုန်လုံးက မျိုးနွယ်စု တစ်ခုလုံး နီးပါး ကို ခေါ်လာကြတာပဲ ဖြစ်လေတယ်။ ဒါကြောင့် ခေါင်းဆောင် တွေကလည်း ထိုနေရာမှာ ပါလာကြလေတယ်။ မျိုးနွယ်စု အတွင်းမှာဆို ငယ်ရွယ်တဲ့ အမျိုးသမီးတွေက အပြင် မထွက်ရတဲ့ အတွက်ကြောင့် ထိုနေရာကို လာတဲ့ သူတွေကို ကြည့်ပြီးတော့ ထို မျိုးနွယ်စုက သန်မာ သလား ဒါမှမဟုတ် အားနည်း လားဆိုတာကို တစ်ချက် ကြည့်ရုံနဲ့တင် သိနိုင်လေတယ်။

ချီဟန်က ဒါကြောင့်ပဲ ထိုနေ့မှာ လျှို့ဝှက်စွာ စုံစမ်းခဲ့လေတယ်။ အိုးလုပ်တဲ့ မျိုးနွယ်စုက လူပေါင်း တစ်ရာကျော်တောင် မရှိတာကြောင့် သူ့ရဲ့ မျိုးနွယ်စုနဲ့ လာပေါင်းဖို့ ပြောချင်မိတယ်။ ဒါပေမယ့် ခေါင်းဆောင်နဲ့ မျိုးနွယ်စု စုန်းမ ရှိတဲ့ အတွက်ကြောင့် ဒါက လွယ်ကူမှာ မဟုတ်ဘူး ဆိုတာ ကိုတော့ သူသိလေတယ်။

နောက်တစ်နေ့ မှာတော့ တုံနဲ့ ချီဟန်က ရွမ်ရဲ့ ဆိုင်ကို သွားတဲ့ အချိန်မှာတော့ ရွှမ်က သူ့ရဲ့ ဆိုင်ရှေ့မှာ စိတ်လောစွာ စောင့်​နေတာ ကိုတွေ့လိုက်ရတယ်။ အကွာအဝေး တစ်ခုကနေ သူတို့ လာတာကို တွေ့လိုက်ရတဲ့ အချိန်မှာတော့ ရွှမ်ရဲ့ မျက်နှာတွေက အပြုံးတွေနဲ့ ပြည့်နေကာ သူတို့ရှိရာဆီကို လျောက်လာပြီးတော့ ချီဟန်ရဲ့ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်တယ်။

'' မင်းတို့က ဘာလို့ခဏမှ လာရတာလဲ။ ငါတို့ ခေါင်းဆောင်က အနောက်ဘက် တဲထဲမှာ စောင့်နေတယ်။ ငါနဲ့ လိုက်ခဲ့ပါ''

ရွှမ်က ချီဟန်ရဲ့ လက်ကို ကြီးမားတဲ့ သန်မာမှု ကြီးနဲ့ ဆွဲ သွားကာ လမ်းကို မြန်မြန်လျောက် ပြီးတော့ စိတ်အားထက်သန်စွာနဲ့ တဲရှေ့ရောက်တော့ အော်လိုက်တယ်။

'' ခေါင်းဆောင် ။ ငါ ခများ အတွက် ခေါ်လာခဲ့ပြီ''

နားထောင်လို့ ကောင်းတဲ့ အသံတစ်ခု က တဲထဲ ကနေ ထွက်လာတယ်။

'' အထဲကို ဝင်လာခဲ့ပါ ''

သူတို့ သုံးယောက်က အထဲကို ဝင်ရောက်လာတယ်။ တဲတစ်ခုလုံးကို လက်မှု ပစ္စည်းတွေနဲ့ ခင်းကျင်းထားပြီးတော့ ငါးညှီနံ့လို နံတဲ့ သားရေစတွေ မရှိပဲ နူးညံ့တဲ့ အမွှေးနံ့လေး တွေကိုပဲ ကလေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now