အပိုင်း( 5. 2)

3.2K 487 3
                                    

(5. 2)

ဟုန်ယွင်ကတော့ လူတိုင်းကို အမြန်နှုတ်ဆက်လိုက်ပြီးတော့ အမြစ်တွေ တူးဖော်ဖို့ နေရာတွေ အများကြီးကို လိုက်ရှာခဲ့လေတယ်။ တစ်ခြားလူတိုင်း ကလည်း ချီဟန်ကို အရမ်း အာရုံမစိုက်ကြပါချေ။ သူ့ရဲ့ အဝတ်တွေ က ထူးဆန်းနေတယ် ဆိုရင်တောင်မှပဲ မျိုးနွယ် ထဲမှာ လူတစ်ဦး ပိုလာတာကို ဂရုတောင် မစိုက်ကြပေ။

ဟုန်ယွင်က ချီဟန်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားအင်ကိုမလေ့လာ မိပဲ သစ်တောကို ပတ်ကာ ခရမ်းရောင် အမြစ်တွေကို လိုက်ပြီး တူးဖော်ယူနေခဲ့တယ်။ ပြီးတာနဲ့ တူးပြီးသားကို အိတ်ထဲ ပစ်ထည့်လေတယ်။ ချီဟန်လည်း အလေးအနက်ထားပြီး တူးနေပေမယ့် သူ့ရဲ့ အရှိန်က ဟုန်ယွင်ထက်တောင်မှ အများကြီး ပိုဆိုးလေတယ်။

သူက ခရမ်းရောင် အမြစ်ရှိတဲ့ အပင်တစ်ခုကို တွေ့ခဲ့ပြီးတော့ အမြစ်၄ခု ၅ခုလောက် ရခဲ့တယ်။ ပြီးတော့ လာမယ့် ဆောင်းတွင်းအတွက် သူတစ်ခုထက် ပိုပြီးတော့ လိုအပ်လေတယ်။ ထိုအပင်ရဲ့ အကိုင်းနဲ့အရွက်တွေက အပေါ်ယံမှာ ပေါက်ရောက်နေတာ ကြောင့် မှတ်မိဖို့ အရမ်းလွယ်လေတယ်။ ထိုကြီးမားတဲ့ အရွက်ကြီးက မနေ့တုံးက ကျားသစ်လူသား ရေထည့်ဖို့ သုံးတဲ့ အရွက်နဲ့ အတူတူ ပဲ ဖြစ်လေတယ်။

ဟုန်ယွင်က လေးနေရာ ငါးနေရာ တူးပြီးပေမယ့် ချီဟန်ကတော့ နှစ်နေရာသာ တူးရသေးလေတယ်။ ပြီးတော့ နေ့လည်ရောက်တဲ့ အထိ မစားရ မနားရ သေးပါချေ။ အခုတော့ ချီဟန်က ခရမ်းရောင် အမြစ်အိတ် အသေးလေးကိုထမ်းကာ ဟုန်ယွင်ရဲ့ ခြေလှမ်း ကိုမှီအောင် လိုက်နေခဲ့ရတယ်။

ဟုန်ယွင်က တော့ ချီဟန်ကို စိတ်ထဲ မရှိပဲ သစ်တောတစ်ခုလုံးကို လျင်မြန်စွာ သွားနေခဲ့တယ်လေ။ အသက်ရှင်ဖို့ရာ က ခဲယဥ်းတယ်။ အနည်းငယ်လောက် သတိလွတ်လိုက်တာ နဲ့တင် သေ သွားနိုင်တယ်။

သူက အလုပ်ကို ကြိုးကြိုးစားစား လုပ်တယ်ဆိုရင်တောင်မှပဲ လက်တွဲဖော်တစ်ယောက် ရှာဖို့လိုအပ်သေးတယ်။ ဒါမှ ဆောင်းတွင်းမှာ အသက်ရှင်ကျန် နိုင်မှာပဲ ဖြစ်လေတယ်။

သူမှတ်မိသလောက်ကတော့ သူသဘောကျတဲ့ သူက သတ္တိတွေ ပြည့်ဝနေကာ သူကျတော့ ဂျွန် လောက် မကောင်းပါချေ။ ဂျွန်ရဲ့ အရပ်နဲ့ ခွန်အားက သူ့ထက်ပိုသာတယ်လေ။ ပြီးတော့လည်း မျက်နှာချင်းလည်း နှိုင်းယှဥ်လို့ မရပါပေ။ ပြောရရင် သူ့ရဲ့ မျက်လုံးတစ်ဖက်က ပျက်စီးခဲ့ပြီလေ။  အဲ့အချိန်တုံးက ဂျွန် က သူ့ကို ရေတစ်ခွက်ကမ်းပေး ခဲ့တာပဲလေ။ ထို ဝံပုလွေသားရဲက အသန်မာဆုံးလည်း မဟုတ်သလို အရောင်လည်း မလှပေမယ့် ထိုလူက သူ့အတွက်တော့ အနူးညံ့ဆုံးနဲ့ ဂရုအစိုက်တက် ဆုံးပါပဲ။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Waar verhalen tot leven komen. Ontdek het nu