အပိုင်း (36. 2)

1.9K 292 9
                                    

(36.  2)

'' ငါ့မှာ သစ်ခွရည် ရှိတယ်။ အဲ့တာက သားရေစ ပေါ်မှာ ပုံဆွဲရင် ဘယ်တော့မှ ပျက်မသွားဘူး။ ပြီးတော့ အဲ့တာကို စာရေးဖို့ အသုံးပြုနိုင်တယ်''

ယန်မင်း က ပြောလိုက်တယ်။

သစ်ခွရည် ဆိုတာက ပန်းပင်တစ်မျိုးကို ထုထောင်းပြီးမှ ရလာတဲ့ အရည်မျိုးဆိုတာ ကို ချီဟန်သိလေတယ်။ ထိုဟာက အပြာရောင် ရှိပြီးတော့ အရောင်စွဲလွယ်တယ်။ အမျိုးသမီးတွေနဲ့ သားရဲတစ်ဝက်တွေက ထိုအရည်ကို အလှဆင်ဖို့ သုံးတက်ကြတယ်။ အရောင်လွင့်မလား ဆိုတာကတော့ ရေးကြည့်တော့မှ သိမှာပေါ့လေ။

'' ကောင်းပြီ။ အဲ့တာကို ငါ့ဆီကို မင်းယူလာခဲ့ပေးပါ။ ငါ ပြင်ဆင်ရအုံးမယ်...  ပြီးတော့ ငါတို့ မျိုးနွယ်စု ထဲက သားပေါက်လေး တွေ အကုန်လုံး စာရေးစာဖတ်တာကို သင်ကြား ရမယ်။
မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းပြီးတဲ့ နောက်မှာ အကုန်လုံးက စာရေး တက်သွားတော့မှာပဲ။ ငါ အဆင်သင့် ဖြစ်တဲ့အခါ ငါတို့မျိုးနွယ်ထဲက လူတွေကိုလည်း မေးကြည့်ရမယ်။ တကယ်လို့ သင်ချင်တဲ့သူ ရှိတယ်ဆိုရင်လည်း သူတို့ကိုပါ တစ်ခါထည်း ရောသင်တာပေါ့''

'' ကောင်းတယ် ''

ချီဟန်က အဒေါ် ၂ ယောက်ကို နေ့တိုင်းလာပြီး ချန်ရှီးလေးကို ကူထိန်းဖို့ အကူအညီတောင်း ထားပြီးသားလေ။ ထိုအဒေါ်နှစ်ယောက် ကလည်း သေချာပေါက် ဘယ်ငြင်းလိမ့်ပါ့မလဲ။

သားရဲလူသား တွေကို စာရေးဖို့ သင်ပေးရတာက လွယ်ကူမှာ မဟုတ်ပေ။ တရုတ်အခြေခံ စာလုံးတွေက တစ်ခြား သားရဲလူသားတွေ အတွက်ကတော့ နိုင်ငံခြား ဘာသာကို သင်ကြား နေရတာနဲ့ အတူတူပဲလေ။

ချီဟန်က အကိုင်းအသေးလေး ကို စစ်ခွရည်ထဲ နှစ်ကာ သားရေစပေါ်မှာ ဖင်းယင်း (piyin) စကားလုံး အရင်ဆုံး ချရေးပြီးတော့ နေ့စဥ် သုံး စကားလုံးတွေကို ရေးခဲ့လေတယ်။ ဒါပေမယ့် ချီဟန်ဟာ နေ့စဥ်သုံး စကားလုံးတွေကို အများကြီး မရေးနိုင်တော့ဘူး ဆိုတာ တွေ့လိုက်ရတယ်။

သူက အဲ့စကားလုံးတွေကို မသုံးတာ ကြာနေပြီ ဖြစ်တဲ့ အပြင် နေ့စဥ်စကားလုံးတွေ ကိုတောင်မှပဲ မေ့နေတာကို တွေ့လိုက်ရတော့ ချီဟန်ရဲ့ နှလုံးသားက အချက်ပေးသံတွေ မြည်သွားလေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now