အပိုင်း (46. 2)

1.2K 182 0
                                    

(46. 2)

'' မင်းက ငါ့ကို မမှတ်မိဘူး!  ငါက ငါ့ကိုယ်ငါတောင် ပြန်မမှတ်မိဘူးကွ! ''

ကျင်း က ဆက်ပြီးတော့ ဝမ်းနည်းစွာ ပြောလိုက်လေတယ်။

'' ငါက ဦးလေး ကျင်းလေကွာ။ မင်းရဲ့ တဲဘေး မှာနေတဲ့ ဦးလေး ကျင်း ပါကွ! ''

'' ဦလေးကျင်း!  မဖြစ်နိုင်လိုက်တာ!  ဆိုရာ ပြောတာက ဦးလေးကျင်း က သေသွားပြီတဲ့! ''

'' ငါ့မှာ ဖြစ်သွားတဲ့ ပြောင်းလဲမှုက အရမ်းကြီးကို ကြီးမားတယ်။ မင်းက အခု ငါ့ရဲ့ မျက်နှာနဲ့ အသွင်အပြင် ကို ကြည့်ပြီးတော့ ငါ့ကို မှတ်မိမှာတော့ မဟုတ်ဘူးကွ။ ငါက မင်းရဲ့ အကြောင်းတွေ အများကြီး သိတယ်။ မင်းရဲ့ အဖေ နာမည်က ချီ ၊ ​မင်းရဲ့ အမေ နာမည်က ချွမ်းလန် ပြီးတော့ သူတို့ရဲ့ ကလေးအများစုက ညလယ်မှာ မွေးကြတယ်။ ဒါပေမယ့် မင်းကတော့ သူတို့တွေနဲ့ မတူပဲ မနက်ခင်းမှာ မွေးခဲ့တာ......  ''

'' မင်း ပြောတာ မှန်တယ်။ ဒါပေမယ့်......  ''

'' မို ငါနဲ့ အတူ အမြန်သွားရ အောင်ပါ။ သူနဲ့ စကားပြော မနေနဲ့။ သူပြောသမျှ တွေက ငါတို့ မျိုးနွယ် ထဲက လူတိုင်း သိတယ်ကွ ''

''မင်းရဲ့ ဖင်မှာ မှည့်နီ ရှိတဲ့ကွ။ အဲ့တာက ဘယ်ဘက်မှာ ရှိတာ။ မင်းငယ်ငယ်တုံး က ခရမ်းရောင်အမြစ်တွေကို ဝါးစားရတာ ကြိုက်တယ်။ ပြီးတော့ ငါက မင်းကို ကူညီပြီး ရှာပေးခဲ့ရတာ ''

'' ဟုတ်တယ်။ သူက ဦးလေး ကျင်းပဲ။ ယန်ရေ သူက ဦးလေးကျင်းပဲ။ မင်းက ငါတို့ကို လိမ်လည်ခဲ့တာပေါ့လေ ''

'' မို ငါနဲ့ အမြန်သွားကြစို့။ သူက ဘယ်သူလဲ ဆိုတာကို ဂရုစိုက်မနေနဲ့။ ငါတို့ပြန်သွားတာနဲ့ ငါတို့ ဆုလာဘ်တွေ ရလိမ့်မယ်။ တကယ်လို့ မင်းမသွားချင်ရင် ငါသွားရလိမ့်မယ်ကွ! ''

စကားပြောပြီးတဲ့နောက် ထိုလင်းယုန် လူသားငယ် က လေထဲကို ပျံတက်ဖို့ လုပ်လိုက်လေတယ်။

တကယ်လို့ သူ့ကိုသာ သွားခွင့်ပေး လိုက်ရရင် မျိူးနွယ်စု တစ်ခုလုံး အန္တရာယ်ထဲ ကျသွားလိမ့်မယ်။ ထိုအချိန်မှာပဲ ချီဟန်ရဲ့ နှလုံးသား က ပြင်းထန်စွာ ခုန်လှုပ်သွား ခဲ့တယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now